ရန်ကင်း ဇွန် ၂၁
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး စာပေဖတ်ရှုသူ ပိုမိုတိုးပွားလာစေရေးနှင့် စာပေမှရသော အသိအမြင် ဗဟုသုတများ ရရှိစေရေး၊ စာဖတ်သည့် အလေ့အကျင့် ဖြစ်ပေါ်စေရေး ရည်ရွယ်၍ ယနေ့နံနက် ၁၀နာရီ အချိန်က မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးသို့ နယ်လှည့်စာကြည့်တိုက် လုပ်ငန်းများကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် (ပြန်/ဆက်) ဦးစီးဌာနမှ ဖွင့်လှစ်ထားသော ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဌာနဆိုင်ရာများ၊ စာပေဖတ်ရှုလိုသူများထံ လက်ဝယ်အရောက် အခမဲ့သွားရောက်၍ စာအုပ် များ နယ်လှည့်ကွင်းဆင်း ငှားရမ်းပေးလျက်ရှိရာ စာဖတ်သူအကြိုက် ဖတ်ရှုလိုသည့် သုတ/ရသစာအုပ် စာစောင်များအား ရက်သတ္တပတ် ငှားရမ်းပေးပြီး သတ်မှတ်ရက်ပြည့်မြောက်ပါက စာအုပ်စာစောင်အ သစ်များဖြင့် ပြန်လည်လဲလှယ် ငှားရမ်းပေးခြင်းကို အပတ်စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
လှလှထွေး