ဆောမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ထုတ်ပေး လျက်ရှိ

ဆော ဇွန် ၂၁

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စား အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများထုတ်ပေးခြင်းကို ယနေ့နံနက် ၇ နာရီခွဲအချိန်မှစ၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ယင်းသို့ ထုတ်ပေးရာတွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများကို လစဉ် ၂၁ ရက်မှ စတင်၍ ပုံမှန်ထုတ်ပေးလျက်ရှိရာ ပင်စင်လစာများကို တစ်ရက်တည်းသာ စုပြုံထုတ်ပေးခြင်း မဟုတ်ဘဲ လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ဇွန် ၂၁ ရက်နေ့ နောက်ပိုင်း ဘဏ်ဖွင့်သည့် ရက် များတွင်လည်း ထုတ်ပေးသွားမည်ဖြစ်ပြီး ဆောမြို့နယ်တွင် ပင်စင်စား အငြိမ်းစား ဝန်ထမ်း (၇၈၂)ဦးရှိကြောင်း၊ပင်စင်လစာများထုတ်ပေးရာတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ကထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များအတိုင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ခြင်းအတွက် စနစ်တကျ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်မြန်မာ့ စီးပွားရေး ဘဏ်မန်နေဂျာ ဒေါ်ခင်သန်းထွေးထံမှ သိရသည်။

ကိုဇော်ကြီး(ဆော)