ထန်းတပင် ဇွန် ၂၁
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် ၂၀၂၁ ခုနှစ် မိုးရာသီကာလတွင် သဘာဝဘေးဒဏ်ခံရခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန် သဘာဝပတ်ဝန်းကျင် သစ်တောသစ်ပင်များ စိမ်းလန်စိုပြေရေး သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေးနှင့်ကာကွယ်ထိန်းသိမ်းနိုင်ရန် ထန်းတပင်မြို့နယ် ကြို့ပင်သာကွက်သစ် အခြေခံပညာမူလတန်းလွန်ကျောင်း၌ မြို့နယ်သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှမြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးမှူးဦးစိုးလွင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး မြို့နယ်
သစ်တောဦးစီးဌာနအနေဖြင့် သဘာဝအန္တရာယ်များ ကာကွယ်နိုင်စေရန်အတွက် ကျွန်း ( ၁၀၀ ) ပင် ၊ သစ်ဆိမ့် (၁၀၀ )ပင် ၊ ပျဉ်းကတိုး ( ၅၀ )ပင် ၊ မဟော်ဂနီ ( ၅၀ )ပင် ၊ ရေမနေ (၆၀ ) ပင် ၊ စုစုပေါင်း ( ၃၆၀ ) ပင်တို့ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။