အမြို့မြို့အနယ်နယ်သတင်းများ

Jun 21,2021
ပြင်ဦးလွင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း (Book Club) အဖွဲ့များ ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ( ၁၀ ) နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမ၌ ကျင်းပပြုလုပ်ရာ စာပေချစ်မြတ်နိုးသူများ နှင့် (Book Club)အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးကြသည်။
Jun 21,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ကြီးမှူး ကျင်းပသည့် နွေရာသီအားကစားသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့က အ-ထ-က(ခွဲ) အနောက်ရပ်၊ စံပယ်ဆောင်၌ ကျင်းပခဲ့သည်။
Jun 21,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် မြို့တွင်း လူစည်ကားရာ​နေရာများ၊ လမ်းဆုံ​နေရာများတွင် ယနေ့ နံနက်ပိုင်းက အသိပညာပေးခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်စောင့်ကြည့်ရေး ကော်မတီထံမှ သိရသည်။
Jun 21,2021
လားရှိုးမြို့ လမ်းမတော်လမ်း သာသနာဗိမာန်တော်ကြီး၌ ယနေ့ မွန်းလွဲ ၁ နာရီအချိန်ကစတင်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊(၂၈)ကြိမ်မြောက် နိကာယ်စာမေးပွဲ ဝိဒူတန်းကို စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Jun 21,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၀၁၉ ခုနှစ်တွင် သဲကုန်းမြို့နယ်အတွင်း မိုးသီးနှံများ သဘာဝဘေး အန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုအတွက် ထောက်ပံငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်သည်။
Jun 21,2021
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရေးဆွဲပြုစုနိုင်ရေးနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jun 21,2021
သံတွဲမြို့၌ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး (၂၀၂၁) ခုနှစ် မိုးရာသီ လူထုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ သံတွဲ ဇွန် 21 သံတွဲခရိုင် သံတွဲမြို့နယ် သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး (၂၀၂၁) ခုနှစ် မိုးရာသီ လူထုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကို သံတွဲမြို့နယ် သံတွဲ-တောင်ကုတ်ကားလမ်းဘေးရှိ ပုရစ်နှင့်ရေကောက်ကျေးရွာ၌ ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ရာ စုစုပေါင်းသစ်ပင် (၄၂၂၅) ခန့်ကို စိုက်ပျိုးနိုင်ခဲ့သည်။ ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးဝင်းဗိုလ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် သံတွဲခရိုင် သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းသန်းထွန်း တို့က မိုးရာသီ လူထုစုပေါင်း သစ်ပင်စိုက်ပျိုး ပွဲတော်တွင်စိုက်ပျိုးရန်နှင့် လူထုဖြန့် ပျိုးပင်များပေးအပ်ရာ ကျေးရွာတာဝန်ခံများက လက်ခံရယူကြသည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီးမောင်ရွှေနှင့်၊ အဖွဲ့ဝင်များ၊ ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးဇော်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များ၊ သံတွဲခရိုင် သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းသန်းထွန်း၊ မြို့နယ်ဦးစီးမှူး ဦးသိန်းဝင်းအောင်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများစုစုပေါင်း၍ ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ မဟော်ဂနီ၊မန်ဂျန်ရှားအစရှိသည့် ပျိုးပင် ၄၂၂၅ပင် တို့ကို စုပေါင်း စိုက်ပျိုးခဲ့ကြ ကြောင်း သိရသည်။ ယခုစိုက်ပျိုးရခြင်းမှာ နိုင်ငံတစ်ဝှမ်း စိမ်းလန်းစိုပြည်ရေး၊ သစ်တောဖုန်းလွှမ်းမှု ကောင်းမွန်လာစေရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် ရာသီဥတုမျှတ၍ ဂေဟစနစ်များ ကောင်းမွန်လာစေရေးတို့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုအရ သံတွဲခရိုင်၊ သံတွဲမြို့နယ် သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့်ခြင်းဖြစ်ပြီး ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ မဟော်ဂနီ၊ ရွှေဝါ၊ ခရေနှင့် မိုင်ဂျန်ရှား အစရှိသည့် ပျိုးပင် စုပေါင်းစိုက်ပျိုးကြခြင်းဖြစ်ပြီး၊ ပေတစ်သောင်းခန့်အကွာအဝေးရှိ ရွာတွင်းလမ်းဘေး ဝဲယာတွင် ၁၇၀၀ ပင်၊ ပုရစ်နှင့်ရေကောက်ကျေးရွာ အိမ်းခြံဝင်းများအတွင်း တစစ်အိမ်လျှင် ၅ပင်နှုန်းဖြင်း ၂၃၀၅ ပင်တို့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းဝင်းအောင်ထံ မှ သိရသည်။ ခရိုင်ပြန်/ဆက်
Jun 21,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးနှင့် မြင်စိုင်းခန်းမတွင် ယနေ့နံနက်(၉)နာရီက ကျောက်ဆည်ခရိုင် အထွေထွေရောဂါ ကုပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်နှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲဝင်းနိုင်တို့ ဦးဆောင်ပြီး ပြည်သူ့ကျန်းများရေး ဝန်ထမ်းများမှ ကိုဗစ်-၁၉ရောဂါ သံသယရှိသူများ၊ ရောဂါပိုးရှိသူနှင့် ထိတွေ့ဆက်ဆံသူများအား ကိုဗစ်-၁၉ရောဂါပိုးရှိ၊ မရှိစစ်ဆေးရာ ပိုးတွေ့လူနာ(၃၃)ဦး ရှိကြောင်း သိရှိရသည်။