ကျွန်းစု ဇွန် ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူး၍ အပြည်ပြည် ဆိုင်ရာ ရာသီဥတုပြောင်းလဲမှုနေ့ အထိမ်းအမှတ်အဖြစ် "မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်" ကို ယနေ့ နံနက်ပိုင်းက ကျွန်းစုမြို့၊ အမှတ်(၁)ရပ်ကွက်၊ မြို့နယ်ခန်းမအနီးရှိ သတ်မှတ် ကွင်းပြင်၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သစ်ပင်စိုက်ပျိုးပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးနိုင်လင်းထွန်းနှင့် သစ်တောဝန်ထမ်းများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် တာဝန်ရှိသူများအား မြို့နယ် သစ်တောဦးစီးဌာနမှူး ဦးနိုင်လင်းထွန်းနှင့် ဝန်ထမ်းများက စိုက်ပျိုးမည့် သစ်ပင်ပျိုးပင်များအား ပေးအပ်ခဲ့ကြပြီး သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်လာကြသူများမှ မဟော်ဂနီ(၁၃၉)ပင်၊ ပျဉ်းကတိုး(၁၃၇)ပင်၊ သင်္ဃန်းပင် (၁)ပင်၊ ပိတောက်ပင်(၁)ပင်၊ ကံ့ကော်ပင်(၁)ပင်၊ စုစုပေါင်း သစ်ပင်(၂၇၉)ပင်တို့အား သတ်မှတ်နေရာများ၌ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
စည်သူရအောင်