အမြို့မြို့အနယ်နယ်သတင်းများ

Oct 08,2025
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်သို့ ရောက်ရှိပြီး ချမ်းသာကုန်းကျေးရွာနှင့် ကွမ်းခြံကျေးရွာ တို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ပထမကြိမ်မဲဆန္ဒရှင် စာရင်းများ ကပ်ထားကြေညာထားမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။
Oct 08,2025
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ရုရှားနိုင်ငံ Kronstadt ခရိုင်နှင့် မြန်မာနိုင်ငံသန်လျင်ခရိုင် နှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ် အခြေခံပညာအဆင့် ပန်းချီပြိုင်ပွဲကို အောက်တိုဘာ ၈ ရက် နံနက် ၉ နာရီက အ.ထ.က(၁) အစည်းအဝေးခမ်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Oct 08,2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့တွင် သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့၌ ပုလောမြို့အရှေ့ကျောင်းတိုက် မြို့ကျက်သရေ ဆောင်စေတီတော်၌  ဘုရားဖူးပြည်သူများဖြင့်  စည်ကားလျက်ရှိသည်။
Oct 08,2025
၂၀၂၅ ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ပြည်သူများ ဆန္ဒမဲပေးနိုင်ရေးအတွက် "နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့မဲပေးကြစို့" ဗီနိုင်းပိုစတာများကို မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့ပေါ် နေရာ ၃ ခု၌ ယမန်နေ့နံနက် ၉ နာရီအချိန်က စိုက်ထူခဲ့သည်။
Oct 08,2025
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်တွင် နှစ်စဥ်ကျင်းပပြုလုပ်မြဲဖြစ်သည့် သမိုင်းဝင်ဒီပါရုံစေတီတော်မြတ်ကြီးအတွင်း ကိန်းဝပ်စံပါယ်တော်မူသော ဗုဒ္ဓရုပ်ပွားတော်မြတ်မြို့တွင်းသို့ လှည့်လည်အပူဇော်ခံပွဲကို ယမန်နေ့ည(၇)နာရီအချိန်က စတင်၍ မြို့တွင်းလမ်းမများတစ်လျောက် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 08,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်‌အောင်ခရိုင်၊ အင်္ဂပူမြို့ဆိပ်ကမ်းသာလမ်းဆုံ၌ ယမန်နေ့နံနက်ပ်ိုင်းက “နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့ မဲပေးကြပါစို့” မြေစိုက် ပိုစတာစိုက်ထူပြီး အမွှေးနံ့သာရည်များ ပတ်ဖျန်းခြင်းကိုဆောင်ရွက်ခဲ့ကြသည်။
Oct 08,2025
မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို) နှစ်ပတ်လည်အထွေထွေအစည်းအဝေး (၂၀၂၅)နှင့် အသင်းသားစုံညီအစည်းအဝေးအခမ်း အနားကို အောက်တိုဘာ ၇ ရက်နေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ Novotel Yangon Max Hotel ၌ကျင်းပခဲ့သည်။