Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မြန်မာနိုင်ငံ၏ ခရီးသွားမြို့တော် ( ပြင်ဦးလွင်) ရှိ အမျိုးသားကန်တော်ကြီး ဥယျာဉ်အတွင်း ခရီးသွားအပန်းဖြေလည်ပတ်သူများ စည်ကားများပြား
Oct 07,2025
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တွင် တည်ထားကိုးကွယ်လျက်ရှိသော မဟာအံ့ထူးကံသာဆုတောင်းပြည့်ဘုရားကြီး(ပြည်ချစ်ဘုရား) ၊ အမျိုးသားကန်တော်ကြီးဥယျာဉ်၊ ပိတ်ချင်းမြှောင်လိုဏ်ဂူတော်၊ ပွဲကောက်ရေတံခွန် ( BE . FALLS)၊ တရုတ်ဘုံကျောင်း၊ နှီးဘုရားနှင့် ဓာတ်တော်ချိုင့်ရေတံခွန်များသို့ ခရီးသွားပြည်သူများ နှစ်စဉ်နှစ်တိုင်းလာရောက်လည်ပတ်အပန်းဖြေလျက်ရှိကြသည်။
အပြည့်အစုံ ဖတ်ရန်
နိုင်ငံတစ်ဝန်း မြို့နယ်များအလိုက် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လူထုအသိပညာပေး ဆိုင်းဘုတ်များစိုက်ထူ
Oct 07,2025
နိုင်ငံတစ်ဝန်းရှိ တိုင်ဒေသကြီး/ ပြည်နယ်များရှိ မြို့နယ်များအလိုက် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လူစည်ကားရာနေရာများတွင် “နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့မဲပေးကြပါစို့” ဟူသောဆောင်ပုဒ်ပါ လူထုအသိပညာပေးဆိုင်းဘုတ်စိုက်ထူသည့် အခမ်းအနားများကို အောက်တိုဘာ ၇ ရက်က ဆောင်ရွက်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်မြို့၌ (၁၄၄)ကြိမ်မြောက် မြို့လုံးကျွတ် ဝါကျွတ်ဆွမ်းလောင်းလှူဒါန်း
Oct 07,2025
ပေါင်းတည်မြို့၌ (၁၄၄)ကြိမ်မြောက် မြို့လုံးကျွတ် ဝါကျွတ်ဆွမ်း လောင်းလှူဒါန်း ပေါင်းတည် အောက်တိုဘာ ၇ ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက် ၆ နာရီမှစ၍ (၁၄၄)ကြိမ်မြောက် မြို့လုံးကျွတ် ဝါကျွတ်ဆွမ်းလောင်းလှူဒါန်းခဲ့ကြကြောင်း သိရသည်။ ထိုသို့ မြို့လုံးကျွတ် ဆွမ်းလောင်းလှူဒါန်းကြရာ၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ကဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဌာနပေါင်းစုံ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် တပ်ရင်းတပ်ဖွဲ့မိသားစုတို့၏ စုပေါင်းဆွမ်းလောင်းစုရပ်မှလည်းကောင်း၊ မြို့ပေါ် ၁၂ ရပ်ကွက်အတွင်းရှိ လမ်းအသီးသီး ဆွမ်းလောင်းရုံများရှိ ရပ်ရွာပြည်သူနှင့် လူမှုအသင်းအဖွဲ့များကလည်းကောင်း၊ မြို့နယ်အတွင်း ကျောင်းတိုက်များမှ စီတန်းကြွချီလာကြသည့် ဗုဒ္ဓအမှူးပြုသော သံဃာတော် ၁၄၄ပါးတို့ အား ဗုဒ္ဓသာသနာတော် အဓွန့်ရှည်တည်တံ့နိုင်စေရေးနှင့် စိတ်အေးချမ်းသာစွာ သာသနာအကျိုးသယ်ပိုးအားထုတ်နိုင်စေရေးအတွက် လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုအစုစုတို့ကို အသီးသီးလောင်းလှူကာ ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ကြကြောင်း သိရသည်။ ရွှေသား(IPRD)
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီးမြို့ရှိ စေတီပုထိုး၊ ဘုရားကျောင်းကန်များတွင် ကုသိုလ်ကောင်းမှုပြုသူများ စည်ကားလျက်ရှိ
Oct 07,2025
၁၃၈၇ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)၌ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် အောင်မြင်ဇေယျ ရခိုင်စေတီတော်မြတ်ကြီးနှင့် ဇေယျမင်္ဂလာ ရွှေအင်းတောင်စေတီတော်၌ ကုသိုလ်ကောင်းမှုပြုသူများ အထူးစည်ကား လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့နယ်တွင် (၄၃)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူ
Oct 07,2025
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် သဲကုန်းမြို့နယ်တွင် (၄၃)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့မွန်းလွဲ(၁)နာရီကသာရမဥ္ဇူသာမိုဃ်းကောင်းစေတီတော်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူမြို့၌ သီတင်းကျွတ်လပြည့် ဆီမီးထွန်းညှိပူဇော်သူများဖြင့် စည်ကား
Oct 07,2025
မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ် သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့) ညနေပိုင်းတွင် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ ရှေးဟောင်းသမိုင်းဝင်တန်ခိုးကြီးဘုရား၊ စေတီတော်မြတ်ကြီးများနှင့် မြို့ပေါ်ရပ်ကွက်များ၌ အစဉ်အလာမပျက် ဆီမီး ထွန်းညှိပူဇော်သူများ၊ ကုသိုလ်ကောင်းမှုပြုလုပ်သူများဖြင့် စည်ကားလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့နယ် ဥယျာဉ်ကုန်းကျေးရွာ၌ ကျေးရွာကွန်ကရစ်လမ်းသစ်ဖွင့်
Oct 07,2025
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်ထမုန်ကန်ကျေးရွာအုပ်စု ဥယျာဉ်ကုန်းကျေးရွာ၌ ဥယျာဉ် ကုန်းကျောင်းတိုက်ဦးစီးပဓာနနာယဆရာတော် ဒေါက်တာကောသလ္လ ဦးစီးဆောင်ရွက်ခဲ့သော ကိုယ်ထူကိုယ်ထ ကျေးရွာကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ငါန်းဇွန်မြို့ ဆုတောင်းပြည့် ရှင်ပင်မိုးကောင်းမြို့ဦးစေတီတော်ကြီး၌ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)တွင် ဓမ္မစကြာရွတ်ဖတ်ပူဇော်ပွဲ၊ ဆီမီးပူဇော်ပွဲများ…
Oct 07,2025
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ ယမန်နေ့ ည (၆)နာရီက ဆုတောင်းပြည့် ရှင်ပင်မိုးကောင်းမြို့ဦးစေတီတော်ကြီး၌ သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာအခါတော်နေ့)တွင် ဓမ္မစင်္ကြာရွတ်ဖတ်ပူဇော်ပွဲ၊ ဆီမီးပူဇော်ပွဲများပြုလုပ်ရာ ဘုရားဖူးပြည်သူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2649
Page
2650
Page
2651
Page
2652
Current page
2653
Page
2654
Page
2655
Page
2656
Page
2657
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department