အမြို့မြို့အနယ်နယ်သတင်းများ

Sep 27,2024
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ရာဂိမုန်တိုင်းအကြွင်းအကျန်မိုးတိမ်များကြောင့် စက်တင်ဘာ ၁၀ ရက်နေ့မှစတင်၍ မိုးသည်းထန်စွာရွာသွန်းပြီး  ရေကြီးရေလျှံခဲ့မှု‌များဖြစ်ပေါ်၍ ရေဝင်ရောက်ခဲ့သည့် လှိုင်းတက်ကျေးရွာအုပ်စု ကန်ကြီးအောက်ကျေးရွာမူလတန်းကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းတို့၌ စက်တင်ဘာ ၂၅ ရက်က မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းနှင့် မီးသတ်တပ်ဖွဲ့ဝင် ၁၅ ဦး၊ ဆရာ၊ ဆရာမများနှင့်ကျေးရွာသူ/သားများစုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Sep 27,2024
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်တွင် စစ်တောင်းမြစ်ရေဝင်ရောက်မှုကြောင့် မြစ်ကမ်းဘေးဝဲယာရှိ ကျေးရွာအချို့ ရေနစ်မြုပ်ခြင်းများ ဖြစ်ပွားခဲ့သည်။
Sep 27,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် တိုင်ဖွန်းမုန်တိုင်း “ရာဂီ” ကြောင့် စက်တင်ဘာ ၁၀ ရက်မှ ၁၂ ရက်ထိ မိုးသည်းထန်စွာရွာသွန်းပြီး၊ တောင်ကျချောင်းရေများ၍ ပွဲစားရေလွှဲဆည်၊ မုန်ဆည်၊ ကင်းသာဆည်များ ကျိုးပေါက်ရေလျှံခြင်းနှင့် နဝင်းချောင်းရေလျှံမှုဖြစ်သဖြင့် မိုးသီးနှံစိုက်ခင်းများ ပျက်စီးမှုဖြစ်ပွားခဲ့သည်။
Sep 27,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်ကျေးရွာ လူမှုဝန်ထမ်းဦးစီးဌာန၏ မူလတန်းကြိုကျောင်း၌ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
Sep 27,2024
မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ် ရေဘေးသင့်ပြည်သူများထံသို့ မဟာ​အောင်မြေမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဘောလုံးအသင်းသား၊ ကျောင်းသူများမှ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများကို စက်တင်ဘာ(၂၅)ရက်နေ့က သွားရောက်ထောက်ပံလှူဒါန်းခဲ့ကြောင်း သိရသည်။
Sep 27,2024
ရှမ်းပြည်နယ် (တောင်ပိုင်း)လင်းခေးခရိုင်၊ လင်းခေးမြို့နယ် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းဆိုင်ရာ မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီက အ.ထ.က၊ လင်းခေး(ပတ္တမြား)ခန်းမ၌ ကျင်းပသည်။
Sep 27,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ (၂၅) ရက်၊ မွန်းလွဲပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Sep 27,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားစေရေးရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်နိုင်ရေး ဟောပြောပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းများကို ယမန်နေ့မွန်းလွဲ (၁) နာရီက ဆူးကလပ်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။