ပုလောမြို့ အရှေ့ကျောင်းတိုက် မြို့ကျက်သရေစေတီတော်၌ ဘုရားဖူးပြည်သူများဖြင့် စည်ကား

ပုလော အောက်တိုဘာ ၈

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့တွင် သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့၌ ပုလောမြို့အရှေ့ကျောင်းတိုက် မြို့ကျက်သရေ ဆောင်စေတီတော်၌  ဘုရားဖူးပြည်သူများဖြင့်  စည်ကားလျက်ရှိသည်။

အဆိုပါ ပုလောမြို့ အရှေ့ကျောင်းတိုက် မြို့ကျက်သရေစေတီတော်၌ ရပ်ဝေး/ရပ်နီးမှ လာရောက်ကြသည့် ဘုရားဖူးမိဘပြည်သူများက ပန်း၊ ဆီမီး၊ ရေချမ်း ကပ်လှူပူဇော်၍ ကုသိုလ်ကောင်းမှု ပြုလုပ်ကြသူမျာအား စတုဒိသာဧည့်ခံကျွေးမွေးခြင်းများ ပြုလုပ်ခဲ့ရာ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

အေးအေးမောာ်(ပုလော)