ရေကြည်မြို့နယ်ရှိသမိုင်းဝင် ဒီပါရုံစေတီတော်မြတ်ကြီးအတွင်း ကိန်းဝပ်စံပါယ်တော်မူသော ဗုဒ္ဓရုပ်ပွားတော်မြတ်မြို့တွင်းသို့ ဒေသစာရီ ကြွချီ

ရေကြည် အောက်တိုဘာ ၈

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်တွင် နှစ်စဥ်ကျင်းပပြုလုပ်မြဲဖြစ်သည့် သမိုင်းဝင်ဒီပါရုံစေတီတော်မြတ်ကြီးအတွင်း ကိန်းဝပ်စံပါယ်တော်မူသော ဗုဒ္ဓရုပ်ပွားတော်မြတ်မြို့တွင်းသို့ လှည့်လည်အပူဇော်ခံပွဲကို ယမန်နေ့ည(၇)နာရီအချိန်က စတင်၍ မြို့တွင်းလမ်းမများတစ်လျောက် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသမိုင်းဝင် ဒီပါရုံစေတီတော်မြတ်ကြီးအတွင်း ကိန်းဝပ်စံပါယ်တော်မူသော ဗုဒ္ဓရုပ်ပွားတော်မြတ်မြို့တွင်းသို့ဒေသစာရီ အပူဇော်ခံပွဲအား နှစ်စဥ်သီတင်းကျွတ်လပြည့်နေ့တွင် ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်များရှိ အသင်းအဖွဲ့များအလိုက် ပင့်ဆောင်ပူဇော်ထားသော ဘုရားများအား စီတန်းအပူဇော်ခံခြင်း၊ ရဟန်းသံဃာတော်များက ပရိတ်၊ ပဋ္ဌာန်း ဒေသနာတော်များ ရွတ်ဖတ်ပူဇော်ခြင်းများဖြင့် မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်အပူဇော်ခံပွဲကျင်းပခဲ့ရာ အစဉ်အလာတစ်ခုရှိဖြစ်ကြောင်း သိရသည်။

အဆိုပါနှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဗုဒ္ဓရုပ်ပွားတော်မြတ်မြို့တွင်းသို့ ဒေသစာရီကြွချီအပူဇော်ခံခြင်းဖြင့် မြို့သူမြို့သားပြည်သူပြည်သားများ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် လမ်းမများတစ်လျောက် ပရိတ်၊ ပဋ္ဌာန်းတရားတော်များ ရွှတ်ပွားပူဇော်ခြင်းနှင့် ပရိတ်၊ ပဋ္ဌာန်းရေများ ပက်ဖျန်းပေးခဲ့ရာ စေတနာရှင် ပြည်သူများက အလှူငွေနှင့် အခြားလှူဖွယ်ဝတ္တုများကို ဆက်ကပ်လောင်းလှူခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)