အမြို့မြို့အနယ်နယ်သတင်းများ

Sep 27,2024
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေရေး ဉာဏစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက်က ချောင်းဆုံမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းခန်းမတွင် ကျင်းပသည်။
Sep 27,2024
မွန်ပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ကမ္ဘာ့ကျောင်းများ နို့တိုက်ကျွေးရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။
Sep 27,2024
၂၀၂၄ခုနှစ်၊ ဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး သန်းခေါင်းစာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက (Video Conferencing) ဖြင့် တက်ရောက်ခဲ့ကြသည်။
Sep 27,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ကျော်ဇံထေရဝါဒ ကျောင်းတိုက်ဆရာတော် ဦးစီးတည်ထောင်ဖွင့်လှစ်ထားသည့် ဘိုကလေးမြို့နယ်အခြေစိုက် မေတ္တာဝါဒီဖောင်းဒေးရှင်းအနေဖြင့် မြတ်ဗုဒ္ဓ၏ ဗုဒ္ဓဝစနပါဠိတော်၊ စကားတော်များသည် ဓမ္မစေတီထိုက်သည့် အားလျော်စွာ လူကြီး၊ လူငယ်များ၏ နှလုံးသားအတွင်း၌ ကိန်းဝပ်စေရေးကို ရည်ရွယ်၍ မေတ္တာဝါဒီ စာပြန်ပွဲ၊ စာမေးပွဲများအား ယခုနှစ်သီတင်းကျွတ်လဆန်း (၁၂)ရက်နေ့မှ (၁၃)ရက်နေ့အထိ အဆိုပါဖောင်ဒေးရှင်းတွင် ကျင်းပဆောင်ရွက်မည်ဖြစ်သည်။
Sep 27,2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်ရှိ လူငယ်အားမာန်သုတဘဏ်စာကြည့်တိုက် ရေရှည်ရှင်သန်ဖွံ့ဖြိုးရေးအတွက်  စာအုပ်များလှူဒါန်းခြင်း ယမန်နေ့  နေ့လယ် ၁ နာရီအချိန် အဆိုပါစာကြည့်တိုက်အတွင်း ပြုလုပ်ခဲ့သည်။
Sep 27,2024
နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသူများအား  ထိုင်းနိုင်ငံ၊ရနောင်းမြိုမှတဆင့် မြန်မာ နိုင်ငံ၊ ကော့သောင်းမြို့သို့ရေလမ်းခရီးဖြင့် တာဝန်ရှိအဖွဲ့အစည်းများထံသို ယမန်နေ့မွန်းလွဲပိုင်းက လွှဲပြောင်းပေးအပ်ခဲ့ရာ အမျိုးသား(၁၁၃)ဦး၊ အမျိုးသမီး (၁၅) ဦး စုစုပေါင်း (၁၂၈)ဦး ကော့သောင်းမြို့၊  ဘုရင့်နောင်ဆိပ်ကမ်းသို ပြန်လည်ရောက်ရှိခဲ့သည်။
Sep 27,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့အတွင်းရှိ ဒေသခံအများစုသည်  မိမိတို့အိမ်ခြံဝင်းအတွင်း စားဖိုဆောင်သီးနှံများဖြစ်သည့် သခွား၊ ချဉ်ပေါင်၊ ဖရုံ၊ ဆလပ်၊ ကန်ဇွန်းရွက်၊ မုံညှင်း၊ ငရုတ်စသည့် စားဖိုဆောင်ဟင်းသီးဟင်းရွက်များကို ကိုယ်တိုင် စိုက်ပျိုးစားသုံးမှု  ပိုမိုများပြားလာကြောင်း သိရသည်။