Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
သာပေါင်းမြို့အဝင်နေရာ၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ “နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့ မဲပေးကြပါစို့” မြေစိုက်ပိုစတာ စိုက်ထူ
Oct 08,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊မြို့အဝင်နေရာ၌ အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၉ နာရီက ၂၀၂၅ ခုနှစ်၊ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ “နိုင်ငံသားအခွင့်အရေး မဆုံးရှုံးဖို့ မဲပေးကြပါစို့” မြေစိုက် ပိုစတာစိုက်ထူခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ငရုတ်ကောင်းမြို့၌ လူစည်ကားရာနေရာတွင် “နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့ မဲပေးကြပါစို့” မြေစိုက်ပိုစတာ စိုက်ထူ
Oct 08,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ပြည်သူများ ဆန္ဒမဲပေးနိုင်ရေးအတွက် “နိုင်ငံသားအခွင့်အရေး မဆုံးရှုံးဖို့မဲပေးကြစို့” ဗီနိုင်းပိုစတာကို ငရုတ်ကောင်းမြို့ပေါ် လမ်းဆုံ၌ အောက်တိုဘာလ ၇ ရက်နေ့ ညနေ ၃ နာရီက စိုက်ထူခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်ရှိ ပြည်သူ့ဥယျာဉ်တွင်ကျင်းပပြုလုပ်သည့် သီတင်းကျွတ်ပွဲတော်သို့ သွားရောက်ကြည့်ရှု…
Oct 08,2025
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် အောက်တိုဘာလ ၇ ရက်၊ ညနေပိုင်းတွင် မုံရွာမြို့၊ ချမ်းမြဝတီ ရပ်ကွက် မြေဧက ၃၂ ဧကကျော်ရှိ ပြည်သူ့ဥယျာဉ်အတွင်း ကျင်းပပြုလုပ်လျက်ရှိသည့် ၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်ပွဲတော်သို့ရောက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ ဝန်ကြီးဌာနများ၊ မုံရွာမြို့ပေါ်ရှိ ဆန်/ဆီကုန်သည်ကြီးများအသင်းများ၊ ပုဂ္ဂလိကဘဏ်/ဆေးရုံ/ ကိုယ်ပိုင် ကျောင်းများနှင့် ကုန်စည်ဒိုင်များမှ သီတင်းကျွတ်ပွဲတော်သို့ လာရောက်ကြသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မုံရွာမြို့ပေါ်ရှိတက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူများနှင့် မြို့နေပြည်သူများအား စတုဒီသာမဏ္ဍပ် ၁၇ ခုမှ စားသောက်ဖွယ်ရာများ ကျွေးမွေးဧည့်ခံနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းရယ်မြို့နယ် သံတောင်ဉီးသကြားစက်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်အကြောင်း ရှင်းလင်းပွဲပြုလုပ်
Oct 08,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းရယ်မြိုနယ်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးတွင် လွှတ်တော်အသီးသီးတွင် မဲပေးနိုင်ရန်အတွက် မြန်မာအီလက်ထရောနစ်မဲပေးစက်အကြောင်း ရှင်းလင်း ပြောကြားခြင်းနှင့် သရုပ်ပြမဲပေးခြင်းကို အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၁၁ နာရီက ခိုဆိုင်းကျေးရွာအုပ်စုအတွင်းရှိ သံတောင်ဉီး သကြားစက်သို့သွားရောက်သည်။
အပြည့်အစုံ ဖတ်ရန်
သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကစံဆံတော်ရှင်စေတီတော် သီတင်းကျွတ်လပြည့်ကျော်(၁)ရက် ဘုရားဖူးလာပြည်သူများဖြင့်စည်ကား
Oct 08,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် ရှေးဟောင်းသမိုင်းဝင် ကျိုက္ကစံဆံတော်ရှင် စေတီတော်ရင်ပြင်နှင့်ဘုရားပရဝုန်တွင် အောက်တို ဘာလ ၇ ရက်နေ့ ညနေပိုင်းက သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့ စေတီတော်ရင်ပြင်တွင် ဆီမီးထွန်းညှိပူဇော်သူများ၊ ဘုရားဖူး လာပြည်သူများ၊ ပဌာန်းရွတ်ဖတ်ပူဇော်သူများ၊ တရားဘာဝနာပွားများသူများဖြင့် စည်ကားလျက် ရှိသည်။
အပြည့်အစုံ ဖတ်ရန်
တာချီလိတ်မြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်း အသိပညာပေးဆောင်ရွက်
Oct 08,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု လျော့နည်းကျဆင်းရန်နှင့် ပိုးလောက်လန်းပေါက်ဖွားမူ မရှိစေရန် အဘိတ်ဆေးခတ်ခြင်း၊ ကျန်းမာရေးအသိပညာပေးဆောင်ရွက်ခြင်းကို အောက်တိုဘာ ၇ ရက် မွန်းလွဲပိုင်းက ဝမ်လုံးကျေးရွာ ပလောင်အလုပ်သမားများနေထိုင်ရာ ရော်ဘာခြံအတွင်း ဒေသခံတောင်ပေါ်တိုင်းရင်းသား ပြည်သူများအား ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် အမည်စာရင်းများ ဆက်လက်ကပ်ထားကြေညာ
Oct 08,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ (င/ခ)ရပ်ကွက်၊ (င/က)ရပ်ကွက်၊(ဆ/က) ရပ်ကွက်၊ ဘဝမြင့်ရပ်ကွက်၊ (ဆ/ခ)ရပ်ကွက်၊ ဇဝနရပ်ကွက်၊ ကျိုက္ကဆံအနောက်ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်ရုံးများတွင် မဲဆန္ဒရှင်ပြည်သူများ ကြည့်ရှုနိုင်ရန် ဆက်လက်ကပ်ထားကြေညာထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်စန်တွင် (၅၉)ကြိမ်မြောက် မြို့နယ်လုံးကျွတ်ဆွမ်းဆန်စိမ်းစုပေါင်းလောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ
Oct 08,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၅၉)ကြိမ်မြောက် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်း စုပေါင်းလောင်းလှူပွဲကြီးကို အောက်တိုဘာ ၇ ရက်နေ့ ၁ နာရီခွဲက အမှတ် (၄) ရပ်ကွက် မြို့မအခြေခံပညာအထက်တန်းကျောင်းရှေ့မှတဆင့် မြို့တွင်းပြည်ထောင်စု လမ်းမကြီး တလျှောက်စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ် တက်ရောက်အားပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2647
Page
2648
Page
2649
Page
2650
Current page
2651
Page
2652
Page
2653
Page
2654
Page
2655
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department