Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရန်ကုန်တိုင်းဒေသကြီး သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲနောက်ဆုံးနေ့ကို ပြည်သူ့ရင်ပြင်၌ ဆက်လက်ကျင်းပရာ စျေးဝယ်ယူအားပေးကြသူများဖြင့် အထူးစည်ကား
Oct 08,2025
ရန်ကုန်တိုင်းဒေသကြီး ၂၀၂၅ခုနှစ် သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ အခမ်းအနားနောက်ဆုံးနေ့ကို အောက်တိုဘာလ ၇ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင် ဆက်လက်ကျင်းပရာ ပွဲတော်လာပြည်သူလူထုအနေနှင့် စိတ်လက်ပေါ့ပါး ပျော်ရွှင်စွာ စျေးဝယ်ယူအားပေးကြသူများဖြင့် အထူးစည်းကားလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့နယ်၌ မိုးစပါး ၃၄၀၉၉ ဧကစိုက်ပျိုးပြီး အောင်မြင်ဖြစ်ထွန်း
Oct 08,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ် မိုးစပါး ၃၄၀၉၉ ဧကစိုက်ပျိုးနိုင်ခဲ့ပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများစာရင်း ရပ်ကွက်များအလိုက် ဆက်လက်ကပ်ထားကြေညာ
Oct 08,2025
မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့၏ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေဖို့ ဆန္ဒမဲပေးနိုင်ရန်အတွက် မိမိတို့မဲစာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်များ၌ ပထမအကြိမ် ကြေညာထားရှိပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲစာရင်းတွင် မိမိအမည်စာရင်းပါမပါ၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းမှု ရှိမရှိကို ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲရုံးများတွင် စက်တင်ဘာ (၃၀) ရက်မှ အောက်တိုဘာ ၁၃ ရက်နေ့အထိ ကြေညာထားလျက်ရှိရာ ယမန်နေ့တွင်လည်း နံနက် ၇ နာရီမှ စတင်ကာ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကမမောင်းမြို့၌ (၃၆)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ
Oct 08,2025
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ အောင်သိဒ္ဓိကုန်း ကိုးနဝင်းဘုန်းတော်ကြီးကျောင်း၌ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို အောက်တိုဘာလ ၇ ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘီးလင်းမြို့နယ်တွင်သီတင်းကျွတ် လပြည့်ကျော်တစ်ရက်နေ့၌ ဒေးခင်တောင်တက်ဘုရားဖူးသူများစည်ကား
Oct 07,2025
မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ နှစ်စဉ်သီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့တွင် ကျင်းပပြုလုပ်လေ့ ရှိသော ဒေးခင်တောင်တက်ပွဲတော်အား ယနေ့ ညနေပိုင်းတွင် ဒေသခံပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
သရက်ချောင်းမြို့၌ သီတင်းကျွတ်လမြတ်အခါသမယ မီးထွန်းပွဲနှင့် မီးပုံးပျံလွတ်တင်ခြင်း၊ စတုဒိသာကျွေးမွေးခြင်းဖြင့်စည်ကားလျက်ရှိ
Oct 07,2025
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့၌ သီတင်းကျွတ်လပြည့်ကျော် ၁ရက်နေ့အခါသမယ၌ သီတင်းကျွတ်မီးထွန်းပွဲတော်ကျင်းပခြင်း၊ မီးပုံးပျံလွှတ်တင်ခြင်း၊ စေတနာရှင်မိသားစုတို့မှစတုဒိသာ ကျွေးမွေးခြင်းကို မြို့မရပ်ကွက်ရှိ မြို့ဦးစေတီတော်ဝင်းတွင် စည်ကားလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး MSMEထုတ်ကုန်များ ရောင်းချနေမှုကြည့်ရှု၊ ပျဉ်းမနားမြို့ နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်များ ဒေသစာရီကြွချီ လှည့်လည်ပူဇ…
Oct 07,2025
နေပြည်တော် အောက်တိုဘာ ၇ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပုဗ္ဗသီရိမြို့နယ်၊ ဘုရင့်နောင်ရပ်ကွက်၊ အမှတ်(၃)စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် (၂၆)ကြိမ်မြောက် မြန်မာရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်များအနေဖြင့် နေပြည်တော်၏ဒေသထွက်ကုန်များအဆင်ပြေချောမွေ့စွာဝယ်ယူနိုင်စေရန် ခင်းကျင်း ရောင်းချထားသည့် နေပြည်တော်ဒေသထွက်ကုန်နှင့် လက်ဆောင်ပစ္စည်း အရောင်းဆိုင်၊ မြန်မာ့ဆေးဝါးလုပ်ငန်း(BPI ဆေးဝါးအရောင်းဆိုင်)၊ ထုတ်ကုန်ပစ္စည်းအရောင်းဆိုင်၊ လူသုံးကုန်ပစ္စည်းအရောင်းဆိုင်၊ ပြည်တွင်းဈေးကွက် ချိတ်ဆက်ရေးအတွက် လက်လီလက်ကား ရောင်းချသူများနှင့် ကုန်ထုတ်သမဝါယမအသင်းများ၏ ထုတ်ကုန်ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးသည်။
အပြည့်အစုံ ဖတ်ရန်
တာချီလိတ်မြို့ ရွှေတိဂုံစေတီတော်၌ သီတင်းကျွတ်လပြည့်ည(အဘိဓမ္မာအခါတော်နေ့)အထူးစည်ကား
Oct 07,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ ရွှေတိဂုံဘုရားစေတီတော် ကြီး၌ အောက်တိုဘာ ၆ ရက် သီတင်းကျွတ်လပြည့်ည(အဘိဓမ္မာအခါတော်နေ့)တွင် ဆီမီးကိုးထောင် ကပ်လှူပူဇော်ခြင်း၊ အလှမီးပုံးပျံလွှတ်တင်ခြင်းနှင့်မြို့လုံးကျွတ် စုပေါင်းမဟာစတုဒိသာ ကျွေးမွေးခြင်းတို့အား စည်ကားသိုက်မြိုက်စွာကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2648
Page
2649
Page
2650
Page
2651
Current page
2652
Page
2653
Page
2654
Page
2655
Page
2656
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department