မြို့သစ် အောက်တိုဘာ ၈
၂၀၂၅ ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ပြည်သူများ ဆန္ဒမဲပေးနိုင်ရေးအတွက် "နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့မဲပေးကြစို့" ဗီနိုင်းပိုစတာများကို မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့ပေါ် နေရာ ၃ ခု၌ ယမန်နေ့နံနက် ၉ နာရီအချိန်က စိုက်ထူခဲ့သည်။
အဆိုပါဗီနိုင်းပိုစတာများစိုက်ထူရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်ဝင်ထက်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ရွေးကောက်ပွဲကော် မရှင်အဖွဲ့နှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ "နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့ မဲပေးကြစို့" ဗီနိုင်း ပိုစတာ ၃ ခုအားလူအသွားအလာများသည့် မြို့နယ် မီးသတ်ဦးစီးဌာန၊ စာတိုက်လမ်း၊ တောင်တွင်းကြီး၊ မြို့သစ်၊ နတ်မောက်လမ်းနှင့် ဆေးရုံလမ်းဆုံ၊ မြို့ဦးလမ်းဆုံများတွင် စိုက်ထူဖွင့်လှစ်ခဲ့ပြီး တက်ရောက်လာကြသူများက အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
သန်းဝင်းထွန်း ( ပြန်ဆက် )