အမြို့မြို့အနယ်နယ်သတင်းများ

Sep 28,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း စစ်တောင်းမြစ်ရေ ဝင်ရောက်မှုကြောင့် မြစ်ကမ်းဘေးဝဲယာရှိ ကျေးရွာအချို့ ရေကြီးနစ်မြှုပ်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။ 
Sep 28,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၊ တွံတေးမြို့နယ် လူမှုဖူလုံရေးရုံး၌ အကျုံးဝင်မှတ်ပုံတင်ထားသည့် အာမခံအလုပ်သမားတစ်ဦး၏ အလုပ်ခွင်၌ထိခိုက်မှုအတွက် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့် ငွေလုံးငွေရင်းထုတ်ပေးခြင်းအခမ်းအနားကို စက်တင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီး၊ လူမှုဖူလုံရေးအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
Sep 28,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် နေပြည်တော်ကုတင် ၁၀၀၀ ပြည်သူ့ဆေးရုံမှ အထွေထွေရောဂါကုသမားတော် ဒေါက်တာစိုးနောင်နောင် ဦးဆောင်၍ တပ်ကုန်း ကုတင် ၁၀၀ ပြည်သူ့ဆေးရုံးအုပ် ဒေါက်တာအုပ်စိုးလင်း၊ ကလေးရောဂါအထူးကုဆေးရုံကြီးမှ ကလေးအထူးကု ဒေါက်တာအောင်ကိုကိုမျိုးနှင့် အရိုးရောဂါ၊ စိတ်ရောဂါ၊ ကလေးရောဂါ၊ ခွဲစိတ်ဆရာဝန်၊ အထွေထွေရောဂါကုဆရာဝန်များနှင့်သူနာပြုများ ယမန်နေ့နံနက်ပိုင်းက ငွေတောင် တောရပရိယတ္တိစာသင်တိုက်၊  ဦးရှောင်ဟိုးဗိမာန်တော်ကြီးတွင် ရဟန်၊ သံဃာများနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးခဲ့သည်။
Sep 28,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့ သာသနာ့ဗိမာန်တော်ကြီး၌ ဖွင့်လှစ်ထားသည့် တောင်ငူခရိုင် ရေဘေးကယ်ဆယ်ရေးကွပ်ကဲမှုရုံး၌ ယနေ့နံနက်ပိုင်းက HANSAE MYANMAR Company Limited (ရန်ကုန်)မှ ရေဘေးသင့်ပြည်သူများအတွက် T- Shirt အထည် (၁၀၀၀၀) လာရောက်လှူဒါန်းခဲ့သည်။
Sep 28,2024
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း စစ်တောင်းမြစ်ရေဝင်ရောက်မှုကြောင့် မြစ်ဘေးဝဲယာရှိကျေးရွာအချို့ ရေကြီးနစ်မြုပ်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။
Sep 28,2024
ရေဘေးသင့်ပြည်သူများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ လူမှုဂရုဏာအကူအညီပေးရာတွင် အသုံးပြုရန် SHINHAN BANK COMPANY LIMITED (YANGON BRANCH)၊ PYI THAR YAR Medical Center + Tea Villa Family၊ Kyaw Za Min Trading Co.,Ltd နှင့် Creative Forward တို့မှ အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများကို ယမန်နေ့နံနက်ပိုင်းက အသင်းရန်ကုန်ရုံးခွဲသို့ လာရောက်လှူဒါန်းခဲ့သည်။
Sep 28,2024
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းသည် ခရိုင်ပညာရေးမှူး ဒေါက်တာမာမာဇင်၊ တပ်ကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက ရေကြီးရေလျှံမှုကြောင့် ပျက်စီးမှုအား ပြန်လည်တည်ထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ စာသင်ကျောင်းများအတွင်း တင်ကျန်နေသော နုန်းများ ဖယ်ရှားဆောင်ရွက်နေမှုနှင့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားနေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။