ကွမ်းခြံကုန်း အောက်တိုဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့မရပ်ကွက်တွင် (၁၁၈)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူမြတ်စွာဘုရားလှည့်လည် ပူဇော်ခံပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့နယ်၊ မြို့မရပ်ကွက်၊ မြို့မဓမ္မာရုံတွင် ကိန်းဝပ်စံပယ်တော်မူသော နှစ်ကျိပ်ရှစ်ဆူ မြတ်စွာဘုရားအား မြို့ပေါ်ရပ်ကွက်များသို့ ဒေသစာရီကြွချီအပူဇော်ခံယူပွဲတော်ကို နှစ်စဥ်သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့တွင် ကျင်းပရာ ယခုနှစ်တွင်(၁၁၈)ကြိမ်မြောက်ရှိကြောင်း သိရသည်။
အဆိုပါ ဒေသစာရီကြွချီ အပူဇော်ခံရာလမ်းတလျှောက်တွင်လည်း မြို့ပေါ်ရပ်ကွက်(၇)ရပ်ကွက်မှ လူငယ်အဖွဲ့များလိုက်ပါကုသိုလ်ယူဆောင်ရွက်ခဲ့ပြီးကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များနှင့် သီလရှင်ဆရာကြီး၊ ဆရာလေးတို့အား စေတနာရှင်၊ အလှူရှင်များက စေတနာသဒ္ဒါတရား ထက်သန်စွာဖြင့် သံဃဒါနအဖြစ် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ကြကြောင်း သိရသည်။
ဆွေနွယ်(ပြန်/ဆက်)