အင်္ဂပူမြို့နယ်အတွင်း လူစည်ကားရာနေရာတွင် “နိုင်ငံသားအခွင့်အရေး မဆုံးရှုံးဖို့ မဲပေးကြပါစို့” မြေစိုက်ပိုစတာ စိုက်ထူ

အင်္ဂပူ အောက်တိုဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်‌အောင်ခရိုင်၊ အင်္ဂပူမြို့ဆိပ်ကမ်းသာလမ်းဆုံ၌ ယမန်နေ့နံနက်ပ်ိုင်းက “နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့ မဲပေးကြပါစို့” မြေစိုက် ပိုစတာစိုက်ထူပြီး အမွှေးနံ့သာရည်များ ပတ်ဖျန်းခြင်းကိုဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ မြေစိုက်ပိုစတာအား အင်္ဂပူမြို့နယ်အတွင်းရှိ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန်အတွက် လူစည်ကားရာနေရာတွင် စိုက်ထူထားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦး‌အောင်‌ကျော်မိုးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးသူရလှိုင်၊ မြို့နယ်‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်က လေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီး‌ရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန္တာဌေးနှင့်အဖွဲ့ဝင်များက အမွှေးနံ့သာရည်များကို ပတ်ဖျန်းပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ အလားတူ မဲဇလီကုန်းမြို့၊ထူးကြီးမြို့များရှိပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန်အတွက် လူစည်ကားရာနေရာတွင် “နိုင်ငံသားအခွင့်အရေး မဆုံးရှုံးဖို့မဲပေးကြပါစို့” မြေစိုက်စိုက်ထူခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)