အမြို့မြို့အနယ်နယ်သတင်းများ

Sep 28,2024
စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ခန္တီးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် မိဘများ တက်ရောက်ကြသည်။
Sep 28,2024
ကချင်ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ ကျန်းမာကြံ့ခိုင်စေပြီး လုပ်ငန်းခွင်အတွင်း စိတ်ပျော်ရွှင်ချမ်းမြေ့စွာဖြင့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ပြည်နယ်ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အမျိုးသား/အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၆ ရက် နံနက် ၈ နာရီက ငြိမ်းချမ်းသာယာ ဖူဆယ်အားကစားရုံ၌ ကျင်းပပြုလုပ်သည်။
Sep 28,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာများအသင်းမှ ရေဘေးသင့်ပျက်ဆီးဆုံးရှုံးခဲ့သော တိုင်းရင်းဆေးအငြိမ်းစားဝန်ထမ်းများ၏အိုးအိမ်များအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းနှင့် ကျွန်းလှကျေးရွာအတွင်းရှိ ဒေသခံပြည်သူများအတွက် ထောက်ပံ့ငွေများ‌ပေးအပ်ခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က‌ မြို့နယ်တိုင်းရင်းဆေးကုဌာနတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
Sep 28,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ပညာသင်အခွင့်အလမ်းများ ပိုမိုရရှိစေရေးအတွက် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် ဒေးဒရဲမြို့နယ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းရှိ ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ယူနေမှုအား ယမန်နေ့ မွန်းလွဲ (၂) နာရီခွဲအချိန်က ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
Sep 28,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၄ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ နေပြည်တော်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။
Sep 28,2024
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
Sep 28,2024
လွိုင်ကော်မြို့နယ်အတွင်း လက်ရှိဖြစ်ပေါ်နေသော ရေကြီးရေလျှံဖြစ်ပွားမှုများအတွက် ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ရေဘေးသင့်ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်၍ ထောက်ပံ့ကူညီမှုများပေးခြင်း၊ ရေဘေးသင့်ဘုန်းတော်ကြီးကျောင်း ဆွမ်းဆန်တော်၊ ဆီ၊ ထင်း၊ မီးသွေး၊ လောင်စာဆီများ ဆက်ကပ်လှူဒါန်းခြင်းများကို စဉ်ဆက်မပြတ်ကူညီဆောင်ရွက်ပေးလျက်ရှိပြီး စေတနာရှင် အလှူရှင်များကလည်း လာရောက်ကူညီလှူဒါန်းလျက်ရှိသည်။ ယမန်နေ့နံနက်ပိုင်းက ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူရေများသည် လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်ရှိ ဓမ္မပါလစုပေါင်းဓမ္မာရုံသို့ ရောက်ရှိပြီး ပြည်နယ်ဝန်ကြီးချုပ်က “ရေဘေးသင့်ပြည်သူများအား ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်၍ နေ့စဉ်ချက်ပြုတ် စားသောက်နိုင်ရေးအတွက် စနစ်တကျစီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နီးစပ်ရာ ရေဘေးလွတ်နေရာများ၌ နေထိုင်သူများအားလည်း ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ရေများပြန်လည်ကျဆင်းချိန် မိမိတို့၏အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကိုလည်း အရှိန်အဟုန်ဖြင့် ပြန်လည်လုပ်ကိုင်ကြရန်လိုကြောင်း ”စသည်ဖြင့် အားပေးစကားပြောကြားခဲ့သည်။
Sep 28,2024
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ (၁၈)ကြိမ်မြောက်၊ ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် မော်လမြိုင်မြို့နယ်၊ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းတွင် ခွေးရူးရောဂါကာကွယ်ရေးပညာပေးဟောပြောပွဲကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးဦးစီးဌာနတို့ ပူးပေါင်း ကျင်းပခဲ့သည်။