သုံးခွ အောက်တိုဘာ ၈
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ရုရှားနိုင်ငံ Kronstadt ခရိုင်နှင့် မြန်မာနိုင်ငံသန်လျင်ခရိုင် နှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ် အခြေခံပညာအဆင့် ပန်းချီပြိုင်ပွဲကို အောက်တိုဘာ ၈ ရက် နံနက် ၉ နာရီက အ.ထ.က(၁) အစည်းအဝေးခမ်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးလှမျိုးထွန်းက ပန်းချီပြိုင်ပွဲနှင့်ပတ်သက်သည့် စည်းမျဥ်း စည်းကမ်းများ ရှင်းလင်းပြောကြားပြီး သုံးခွမြို့နယ်အတွင်းရှိ အထက် တန်းကျောင်းသား/သူ (၁၆)ဦး၊ အလယ်တန်း (၁၈)ဦ၊ မူလတန်း(၉)ဦးတို့က နံနက် ၉ နာရီမှ ၁၁ နာရီအထိ ပန်းချီပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ကြကြောင်းသိရသည်။
ရုရှားနိုင်ငံ Kronstadt ခရိုင်နှင့် မြန်မာနိုင်ငံ သန်လျင်ခရိုင် နှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ် အခြေခံပညာအဆင့် ပန်းချီပြိုင်ပွဲကျင်းပရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌဦးဇော်မျိုးဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းဌေးနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
စည်သူလင်း(ပြန်/ဆက်)