လက်ပံတန်း အောက်တိုဘာ ၈
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်သို့ ရောက်ရှိပြီး ချမ်းသာကုန်းကျေးရွာနှင့် ကွမ်းခြံကျေးရွာ တို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ပထမကြိမ်မဲဆန္ဒရှင် စာရင်းများ ကပ်ထားကြေညာထားမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်ဦးအောင်မြင့်လွင်နှင့် အဖွဲ့သည် လက်ပံတန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြိုနယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦအေးကိုနှင့် အဖွဲ့ဝင်များ မဲစာရင်းလာရောက်ကြည့်ရှုသူ ပြည်သူများနှင့်တွေ့ဆုံ၍ မဲဆန္ဒရှင်စာရင်းများ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် စိစစ်ဆောင်ရွက်မှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
လက်ပံတန်းမြို့နယ်တွင် ရပ်ကွက်ကျေးရွာအုပ်စု ၅၃ အုပ်စု၊ မဲရုံပေါင်း ၁၅၂ ရုံနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း ၁၀၈၄၄၀ ဦးရှိပြီး နိုင်ငံရေးပါတီခုနှစ်ခုမှ ကိုယ်စားလှယ်လောင်း ၁၉ ဦးဝင်ရောက်အရွေးခံမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)