မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို) နှစ်ပတ်လည်အထွေထွေအစည်းအဝေး (၂၀၂၅)နှင့် အသင်းသားစုံညီအစည်းအဝေးအခမ်းအနားကျင်းပ

ဗဟန်း အောက်တိုဘာ ၈

မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို) နှစ်ပတ်လည်အထွေထွေအစည်းအဝေး (၂၀၂၅)နှင့် အသင်းသားစုံညီအစည်းအဝေးအခမ်း အနားကို အောက်တိုဘာ ၇ ရက်နေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ Novotel Yangon Max Hotel ၌ကျင်းပခဲ့သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌဒေါက်တာတင်ထွန်းဦး၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) ဥက္ကဋ္ဌဦးဝဏ္ဏနှင့်ဗဟိုအလုပ်အမှုဆောင်များ၊ ကမ္ဘာအိမ်ခြံမြေအဖွဲ့မှ ဒါရိုက်တာများ၊ အာရှ ဖစိဖိတ်ကွန်ဗင်းရှင်းမှ တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံမှဧည့်သည်တော်များ၊ မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်း(ဗဟို)ဂုဏ်ထူးဆောင် နာယကများ၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ နေပြည်တော်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အသင်းသူ၊ အသင်းသားများ တက်ရောက်ကြသည်။

ဦးစွာမြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို)ဥက္ကဋ္ဌနှင့် နိုင်ငံခြားဧည့်သည်တော်များနေရာယူကြပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာ တင်ထွန်းဦး ကမောင်း ၉ ချက်တီး၍ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို) နှစ်ပတ်လည် အထွေထွေအစည်းအဝေး (2025) ကိုဖွင့်လှစ်ပေးပြီးအိုးစည်အဖွဲ့နှင့် သူငယ်တော်အကဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ထို့နောက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက်​ ပြင်သစ်အခြေစိုက်ကမ္ဘ့ာအိမ်​ခြံမြေအဖွဲ့ချုပ်မှ Mr.Antonio campagnoli, World President (FIABCI) Video Click ဖြင့် အမှာစကားပြောကြားသည်။

ယင်းနောက် ဂုဏ်ထူးဆောင် နာယက ဦးသန်းဦး၊ မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်း (ဗဟို)ဥက္ကဋ္ဌ ဒေါ်မို့မို့အောင်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဦးဝဏ္ဏ၊Dr Supon President of FIABCI-Thailand နှင့် Mr. Clayton Wade, Managing Director Premire Home Premire Land CIPS-AIGS-FIABC တို့က အမှာစကားပြောကြားကြသည်။

ထို့နောက် တိုင်းရင်းသား၊ တိုင်းရင်းသူများကWe are Asean အက၊ ရှမ်းကိန္နရီအကတို့ဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ယင်းနောက် မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို) အထွေထွေအတွင်းရေးမှူးချုပ် ဦးမောင်အေးကအသင်း၏ လုပ်ဆောင်ချက်များ၊ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသက်မောင်ဦးကဘဏ္ဍာရေးငွေစာရင်း ရှင်းတမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)မှ နာယက၊ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက နေပြည်တော်၊ တိုင်းနှင့်ပြည်နယ်၊ ခရိုင်များမှတာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)