အမြို့မြို့အနယ်နယ်သတင်းများ

Sep 15,2021
ပဲခူးတိုင်းဒေကြီး၊ ပြည်ခရိုင်၊‌ ရွှေတောင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် အသက်(၅၅)နှစ်မှ အသက်(၆၄)နှစ်အထိ ပြည်သူများအား သက်ဆိုင်ရာ မိမိတို့၏ ရပ်ကွက်ကျေးရွာ ဆေးထိုးရက်များအတိုင်း သက်ဆိုင်ရာနယ်မြေအလိုက် ဆေးထိုးစုရပ်နေရာများတွင် ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
Sep 15,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့ ဝါစပ်ခူးရပ်ကွက်ရှိ ကက်သလစ်ငြိမ်းချမ်း ခြင်းဆုတောင်းပြည့်တောင်၌ ဆုတောင်းခြင်းကို ယမန်နေ့ နံနက်၁၀နာရီခွဲအချိန်က ဆုတောင်းပြည့်တောင်ပေါ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 15,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ၂၀၂၁ ခုနှစ် စက်တင်ဘာလမှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအထိ အသက် အပိုင်းအခြား အုပ်စုအလိုက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
Sep 15,2021
ဧရာဝတီတိုင်းဒေကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ စီစဉ်မှုဖြင့် မြို့နယ်အတွင်းရှိ သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီအချိန်ခန့်က မြို့နယ်အတွင်းရှိ စာသင်ကျောင်းတိုက်များ၌ ဆောင်ရွက်ခဲ့သည်။
Sep 15,2021
နမ္မတူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ ကြူဆော့ (IDP) စခန်းရှိ တိုက်ပွဲရှောင်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး အသံချဲ့စက်ဖြင့် အသိပညာပေးဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ (၂)နာရီ အချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ ကြူဆော့ (IDP) စခန်း၌ ဆောင်ရွက်ခဲ့သည်။
Sep 15,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း၌ ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသော (၆၅)နှစ်အထက် အဘိုး/အဘွားများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို လိုက်နာဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ချက်များအား ပြည်သူများကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်စေရေး အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက မြို့နယ်အတွင်း လှည့်လည်အသိပေးနှိုးဆော် ဆောင်ရွက်ပေးလျက်ရှိသည်။
Sep 15,2021
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု လျော့နည်းလာစေရေး အတွက် ပြည်သူများ လိုက်နာဆောင်ရွက်သင့်သည့် ရောဂါကြိုတင်ကာကွယ်ရေး နည်းလမ်းများအကြောင်းကို ကျယ်ကျယ် ပြန့်ပြန့်သိရှိစေရေး ရည်ရွယ်၍ အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို ယမန်နေ့ ညနေပိုင်းအချိန်က တာဝန်ရှိသူများက မြို့နယ်အတွင်း မော်တော်ယာဉ်ဖြင့် အသိပညာပေး လှည့်လည်နှိုးဆော်ပေးခဲ့ကြောင်း သိရသည်။
Sep 15,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ဆက်လက် ကာကွယ်၊ ထိန်းချုပ်နိုင်ရေး အတွက် မြို့နယ်အတွင်း သတ်မှတ် ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးများကို ထိုးနှံပေးလျက် ရှိရာ ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် စက်မှုဇုံပြင်ပ အလုပ်သမားများအား ယနေ့ နံနက် ၉ နာရီမှစ၍ အခြေခံပညာ အထက် တန်းကျောင်း (အထက-ခနောင်တို) ခန်းမတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac ကို ပထမအကြိမ်(ဒုတိယနေ့)အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိ သည်။