အမြို့မြို့အနယ်နယ်သတင်းများ

Sep 15,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်ရှိ ဟင်းသီးဟင်းရွက်နှင့် သား/ငါး အခွန် လွတ်စျေးအတွင်း သန့်ရှင်းသပ်ရပ်စေရေးအတွက် ယနေ့ နံနက်ပိုင်းအချိန်က မြို့နယ်အတွင်းရှိ စျေး(၇) စျေးမှ စျေးတာဝန်ခံများနှင့် မြို့နယ်စည်ပင် သာယာရေးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ အဆိုပါ ဟင်းသီး ဟင်းရွက် နှင့် သား/ငါး အခွန်လွတ်စျေးအတွင်း စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခြင်း၊ စျေးအတွင်းရှိ ရေဝပ်နေသော ချိုင့်ခွက်နေရာများအား သဲအိတ်များ ဖြင့် မြေဖို့ပေးခြင်းနှင့် စျေးအတွင်းရှိ ရေနှုတ် မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေနှုတ်မြောင်းများအတွင်း ပိတ်ဆို့နေသောနှုန်းနှင့် အမှိုက်များ ကို ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
Sep 15,2021
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင် ရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယမန်နေ့ညနေ ၅ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် မြို့ပေါ်ရပ်ကွက်များ တွင် လှည့်လည် ၍အသံချဲ့စက်ဖြင့် အသိပညာ ပေးနှိုးဆော်ခြင်းများဆောင်ရွက်ခဲ့သည်။
Sep 15,2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ် ဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက်ပိုင်း က ကြက်သွန်ခင်း(၂)ရပ်ကွက် အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ ကွင်းဆင်းပြုလုပ်ပေးသည်။
Sep 15,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြိုတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံပေးခြင်းကို သံဃာတော်များ၊ သီလရှင်များ၊ အခြားသောဘာသာရေးခေါင်းဆောင်များ၊ အသက်(၆၅)နှစ်နှင့် အထက်သက်ကြီး ဘိုးဘွားများ၊ ဝန်ထမ်းမိသားစုများ၊ ဘဏ်ဝန်ထမ်းများ၊ ဈေးသူဈေးသားများ၊ လူမှုကူညီရေးအသင်းများ (Volunteer)နှင့် ပုဂ္ဂလိကစက်ရုံအလုပ်ရုံများမှဝန်ထမ်းများကို ယနေ့ နံနက် ၉ နာရီမှ ၁၂ နာရီအချိန်အထိ သတ်မှတ်စုရပ်နေရာများ၌ ကာကွယ်ဆေး (Sinopharm) များ ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Sep 15,2021
တနင်္သာရီတိုင်းဒေသကြီး၊  မြိတ်ခရိုင်၊ကျွန်းစုမြို့နယ်၌ ယမန်နေ့ ကRDT ဖြင့်ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးရာတွင် အတည်ပြုလူနာ(၇)  ဦး ထပ်မံတွေ့ရှိရကြောင်း သိရသည်။
Sep 15,2021
ကယားပြည်နယ်အတွင်း ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ (၄၇) ဦးထပ်မံတွေ့ရှိရာ ယနေ့ထိ အတည်ပြုလူနာစုစုပေါင်း (၂၆၅၉) ဦး၊ ဆေးရုံဆင်းလူနာ (၂၁၅၅)ဦးရှိပြီး ပိုးတွေ့လူနာများကို လွိုင်ကော် ပြည်သူ့ဆေးရုံကြီး၊ Positive Medical Centre များတွင် ထားရှိကုသပေးလျက်ရှိရာ ကယားပြည်နယ် အစိုးရအဖွဲ့မှ အဆိုပါ Quarantine ဝင်ရောက်နေသူလူနာများအား နံနက်စာ၊ နေ့လယ်စာ၊ ညစာဖြင့် တစ်ရက်(၃)ကြိမ် လှူဒါန်းကျွေးမွေးလျက်ရှိသည်။
Sep 15,2021
စစ်ကိုင်းတိုင်းဒေသကြီး၊တမူးခရိုင်၊မြို့သစ်မြို့အတွင်းရှိ သံဃာတော်ဆရာတော်ကြီးများ၊ အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများနှင့် ပြည်သူများအား ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်)ထိုးနှံခြင်းကို စက်တင်ဘာလ ၁၅ ရက်နေ့က မြို့သစ်မြို့၊ အ‌ထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမတွင် ထိုးနှံပေးခဲ့ကြောင်းသိရသည်။