အမြို့မြို့အနယ်နယ်သတင်းများ

Sep 15,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။ 
Sep 15,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့" ပန်းခင်းစီမံ ချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်မှ စတင်ကာ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြင်းခြံမြို့ အမှတ်(၁) ရပ်ကွက် တွင် ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
Sep 15,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပျံ့ပွား တွေ့ရှိမှုနှုန်း လျော့နည်းစေရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ပြည်သူများလိုက်နာရန် စည်းကမ်းချက်များအား ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံး ဝန်ထမ်းများက ယမန်နေ့နံနက် ၁၀ နာရီအချိန် က မြို့ပေါ်ရပ်ကွက်များအတွင်း Hand Speaker ဖြင့် လှည့်လည်အသိပေး နှိုးဆော် ကြောင်း သိရသည်။ 
Sep 15,2021
မန္တလေးတိုင်းဒေသကြီး၊  မြစ်သားမြို့နယ်၊   ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများသောက်သုံးရေဖူလုံစွာရရှိရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ(မွမ်းမံ)ဖြင့် တောင်ရိုးကျေးရွာ၌ စက်ရေတွင်း တူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများကို သြဂုတ်လ၂၀ရက်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၆၀ ရာခိုင်နှုန်း ဆောင် ရွက်ပြီးဖြစ်ကြောင်း မြစ်သားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
Sep 15,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် အသက် ၅၅ နှစ် မှ ၆၄ နှစ်ရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံခြင်းကို ယနေ့ နံနက်မှ စတင်ကာ ကျေးရွာများ တွင်ပါ နေရာခွဲ၍ ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Sep 15,2021
ကရင်ပြည်နယ်၊ကော့ကရိတ်ခရိုင်၊ကျိုက်ဒုံမြို့၌ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက်စက်တင်ဘာလ၁၅ရက်၊နံနက်ပိုင်းက(ပြန်/ဆက်)ဝန်ထမ်းများ၊မီးသတ်အဖွဲ့များ၊ဌာနဆိုင်ရာများကမြို့ပေါ်ရပ်ကွက်တွင် အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ပေးခဲ့သည်။
Sep 15,2021
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၊ လားရှိုးပညာရေးဒီဂရီကောလိပ်၊ ကိုဗစ်-၁၉ ကြပ်မတ်ကုသရေးစင်တာသို့ စက်တင်ဘာ(၁၅)ရက် နံနက် (၁၀)နာရီအချိန်က လားရှိုးခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံးက ကိုဗစ် ကာကွယ်ရေးပစ္စည်းများလာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
Sep 15,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  လှိုင်းဘွဲမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများကို သိရှိနိုင်ရန်အတွက် မြန်မာဘာသာနှင့် ပိုးကရင် ဘာသာဖြင့် အသိပညာပေး လိုက်လံနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။