အမြို့မြို့အနယ်နယ်သတင်းများ

Sep 15,2021
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံရန် ကျန်ရှိသူများကို ယမန်နေ့ နံနက် ၉ နာရီအချိန်က တိုက်ကြီးမြို့မ ( အ.ထ.က ) ကျောင်းတွင် ဉီးစားပေး ဉီးတည်အုပ်စုအလိုက် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ဒေသခံပြည်သူ (၉၀) ဉီး လာရောက်ထိုးနှံခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာန မှ သိရသည်။
Sep 15,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်တွင် ပညာလိုလျှင် ပျိုမျစ်တင် စာအုပ် ဖြင့်စာဖတ်ဝိုင်းကို ယနေ့ နေ့လည်(၁)နာရီခွဲအချိန်က ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
Sep 15,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့သူ များလာသဖြင့် ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက်(၇:ဝဝ)နာရီအချိန်ခန့်က မိုင်းလုံမြို့အတွင်း နေထိုင်သော ဈေးသည်  (၇၇) ဦးတို့အား Swab နမူနာရယူပြီး လားရှိုးသို့ ပေးပို့စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
Sep 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အသက်( ၅၅) နှစ်မှအသက်(၆၄)နှစ်ထိပြည်သူများအားကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို အ.ထ.က( ၁ )ဇလွန်တွင် ယနေ့ နံနက်(၉)နာရီအချိန်ခန့်မှ စတင်၍ ထိုးနှံပေးလျက်ရှိသည်။
Sep 15,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်၌ အသက် ၅၅ နှစ် မှ ၆၄ နှစ် အုပ်စုအတွင်းရှိသူများ၊မသန်စွမ်းများ၊ နာတာရှည် ရောဂါအခံရှိသူများ၊ EAOများနှင့်ဦးစား​ပေး ဦးတည်အုပ်စုများ၌ ကာကွယ် ဆေးထိုးနှံရန် ကျန်ရှိသူများအား ပထမအကြိမ် ဆေးထိုးနှံပေးခြင်းကို ဆေးထိုးစုရပ်များဖြစ်သည့် အ.ထ.က (၁)၊ ကေတုရတနာခန်းမနှင့် ကေတုမတီမြို့သစ်တို့တွင် ယနေ့ နံနက်ပိုင်းက စတင်၍ ဆေးထိုးနှံ ပေးလျက်ရှိရာ တောင်ငူမြို့နယ် စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု အားပေးသည်။
Sep 15,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်သဖန်းကိုင်းပရဟိတလူမှုကူညီရေးအသင်းမှ လားရှိုးမြို့သို့ အောက်ဆီဂျင်အိုး အလုံး(၄)သွားရောက် အရည်ဖြည့်ခြင်းမှ ယမန်နေ့ ညနေပိုင်းတွင် ပြန်လည်ရောက်ရှိခဲ့ ကြောင်း သဖန်းကိုင်းပရဟိတလူမှုကူညီရေးအသင်းထံမှ သိရသည်။
Sep 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များ အသင်းနှင့် မတည် အလှူရှင်များ၊ အများပြည်သူစုပေါင်း လှူဒါန်းမှုများဖြင့် မြို့နယ်ကုတင် (၁၀၀)ပြည်သူ့ဆေးရုံအနီးတွင် အောက်ဆီဂျင် စက်ရုံတည်ဆောက်လျက်ရှိရာ မကြာခင် အချိန်၌ အောက်ဆီဂျင်စက် တပ်ဆင်နိုင်တော့မည်ဖြစ်သည်။