မိုင်းယောင်း ဖေဖော်ဝါရီ ၂၉
မြန်မာပြည်၏ အရှေ့ဘက်အစွန်ဆုံးမြို့ဖြစ်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနသည် ရာသီသီးနှံနှင့် နှစ်ရှည်သီးနှံ စိုက်ပျိုးသော တောင်သူများအား GAP အသိအမှတ်ပြု လက်မှတ်များ ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါရုံး၌ ကျင်းပခဲ့သည်။
ပေးအပ်ပွဲတွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအိုက်ခမ်းလှိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းတို့က အမှာစကား အသီးသီး ပြောကြားခဲ့ပြီး၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးကျော်ကျော်မိုး က GAP လက်မှတ်ထုတ်ပေးခြင်း ရည်ရွယ်ချက်များနှင့် GAP လက်မှတ်ပါ လိုက်နာမည့် စည်းမျဉ်းများနှင့် လုပ်ငန်းစဉ်များကို ရှင်လင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက တောင်သူ များအား GAP လက်မှတ်များကို ပေးအပ်ခဲ့သည်။
မိုင်းယောင်း မြို့နယ်တွင် GAP အသိအမှတ်ပြု လက်မှတ်ကို ပထမဆုံးအကြိမ် ပေးအပ်ခြင်းဖြစ်ပြီး၊ ရာသီ သီးနှံ(စပါး)ကို ဧက(၅၀)၊ နှစ်ရှည်သီးနှံများဖြစ်သည့် ကျွဲကော ၃ ဧက၊ သရက် ၅ ဧက၊ ထောပတ် ၅ ဧကနှင့် ကော်ဖီ ၅ ဧက တို့ကို စိုက်ပျိုးကြသည့် တောင်သူ စုစုပေါင်း ၁၈ ဦးတို့အား GAP အသိအမှတ်ပြု လက်မှတ်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။
အားချာ(ပြန်/ဆက်)