အမြို့မြို့အနယ်နယ်သတင်းများ

Sep 15,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် သံဃာတော်များ၊ အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်နိုင်ငံ့ဝန်ထမ်းများအား  ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဩဂုတ်(၂၉)ရက်နေ့မှ စတင်၍ စက်တင်ဘာလ(၆)ရက်နေ့အထိ လူဦးရေ(၄၇၆၇)ဦးကို ထိုးနှံပေးခဲ့ပြီးဖြစ်ရာ ယနေ့နံနက်ပိုင်းက ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံဖို့ ကျန်ရှိနေ သူများအား ပြန်လည်ထိုးနှံပေးခဲ့ ကြောင်း သိရသည်။
Sep 15,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ မွေးစမှ အသက်(၁)နှစ်ခွဲ ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်အမျိုး သမီးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံ ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 15,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် တာချီလိတ် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ဝန်ထမ်းများနှင့် ခရိုင်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ တာချီလိတ်မြို့အဝင်မှ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်၊ မြို့တွင်းရပ်ကွက်များ၊ ကျိုင်းတုံလမ်းဆုံနှင့် အာခါဈေးလမ်းဆုံနေရာများ၊ မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေးတံတားအမှတ်(၁)(၂)နေရာများနှင့် မြို့အတွင်းလူစည်ကားသည့်နေရာများသို့ သွားရောက်၍ယနေ့နံနက်(၁၀) နာရီအချိန်က ကျန်းမာရေးဆိုင်ရာအသိပညာပေးနှိုးဆော်မှုများ ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
Sep 15,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ နာတာရှည်ရောဂါ ခံစားနေရသူများနှင့် မသန်စွမ်းသူများ အပါအဝင် အသက် ၅၅ နှစ်မှ ၆၄ နှစ်ကြား အသက်ကြီးသူများကို စက်တင်ဘာလ ၁၆ ရက် နံနက်ပိုင်းမှစတင်၍ ပျဉ်းမနားမြို့ အမှတ်(၃) အခြေခံ ပညာအထက်တန်းကျောင်းရှိ ကာကွယ်ဆေးထိုးနှံရေးစင်တာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများကို ထိုးနှံပေးသွားမည် ဖြစ်ကြောင်းသိရသည်။
Sep 15,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ရှိ ဒေသခံပြည်သူများအနေဖြင့် စိုက်ပျိုးရေး လုပ်ငန်းကို အဓိကထားလုပ်ကိုင်လျက်ရှိပြီး စပါး၊ နှမ်း၊ ပြောင်း စသည်တို့ကို ရာသီအလိုက် စိုက်ပျိုးကြရာ ယခုအခါတွင် ပုံပါကျင်မြို့ရှိ ဒေသခံပြည်သူများ၏ ပြောင်းစိုက်ခင်းများ ဖြစ်ထွန်း အောင်မြင်လျက်ရှိသည်။
Sep 15,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  လှိုင်းဘွဲမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူးမှ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့်ကယ်ဆယ်ရေးလုပ်ငန်း များတွင် ပါဝင်ဆောင်ရွက်နေသော မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်းနှင့် ကြက်ခြေနီအသင်း အနေဖြင့် သွားလာရေးနှင့်စားသောက်ရေး အဆင်ပြေစေရန်အတွက် ထပ်မံပေးအပ်ခြင်းကို ယမန်နေ့က ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
Sep 15,2021
ကိုဗစ်-၁၉ ကူးစက်မြန် ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် တရုတ်နိုင်ငံမှ ဝယ်ယူတင်သွင်းသည့် ကျန်းမာရေးအထောက်အကူ ပစ္စည်းများအား နယ်စပ်ဂိတ်များမှ တင်သွင်းရာတွင် အဆင်ပြေစေရေးအတွက် နယ်စပ်ကုန်သွယ်ရေးစခန်းများအား ပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိရာ သက်ဆိုင်ရာ တာဝန်ရှိဌာနများမှ ထုတ်ပြန်ထားသည့် အသိပေး ကြေငြာချက်များနှင့်အညီ မြန်ဆန်ချောမွေ့နိုင်‌ရေးအတွက် အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိသည်။