Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ငါန်းဇွန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးအတည်ပြုလူနာ(၄)ဦးထပ်မံတွေ့ရှိ
Sep 15,2021
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်ပြည်သူ့ဆေးရုံတွင် ယမန်နေ့က လာရောက် ပြသသော အနံ့ မရသူ၊ ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာနှင့် ထိစပ်သူ(၁၄)ဦးတို့အား (RDT)ဖြင့်စစ်ဆေးခဲ့ရာ အမှတ်(၁)ရပ် ကွက်မှ အနံ့မရသူ အသက်(၆၅)နှစ် အမျိုးသား (၁)ဦးနှင့် အသက်(၆၈)နှစ် အမျိုးသမီး(၁)ဦး၊ အမှတ်(၂)ရပ် ကွက်မှ အသက်(၆၇)နှစ် အမျိုးသမီး(၁)ဦးနှင့် အမှတ်(၃)ရပ်ကွက်မှ အနံ့မရသူအသက်(၁၅)နှစ် အမျိုးသား (၁)ဦးတို့တွင် ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိရသဖြင့် အဆိုပါပိုးတွေ့လူနာ(၄)ဦးအား မြို့နယ်ပြည်သူ့ဆေးရုံတွင် ကျန်းမာရေး စောင့်ရှောက်မှုခံယူရန် Hospital Quarantine ထားရှိပြီး ၎င်းတို့နှင့် ထိစပ်သူ(၂)ဦးအား Strict Home Quarantine ထားရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်တွင် အပြင်သွားလာသူများအား ပြင်ပသွားလာခွင့် ကတ်ပြား ပါ/မပါ စစ်ဆေးဆောင်ရွက်
Sep 15,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရန်အတွက် လိုအပ်သည့် စည်းကမ်းချက်များ ချမှတ်ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်း နေထိုင်သော ပြည်သူများအား ပြင်ပသွားလာခွင့် ကတ်ပြား ပါ/မပါ စစ်ဆေးခြင်းနှင့် ပါးစပ်နှာခေါင်းစည်း(Mask) တပ်ဆင် သွားလာခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင်လည်း မြို့ပေါ်ရပ်ကွက်(၁၁)ရပ်ကွက်နှင့် ကျေးရွာ များတွင် ဆက်လက်စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့၌ ရဟန်း၊ သာမဏေ၊ သာသနာ့နွယ်ဝင် သီလရှင်များအား ကိုဗစ်-၁၉ရောဂါ ပိုးရှိ/မရှိ ကွင်းဆင်း စစ်ဆေးမှုများဆက်လက်ဆောင်ရွက်
Sep 15,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၌ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ဟိုခို၊ ဉာန်တော်၊ မျက်ချီးနု၊ ရွှေမုဌော၊ နောင်တောအုပ်စုများရှိ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်း (၉)ကျောင်းမှ သံဃာ ၁၇၃ ပါး၊ သီလရှင် ၁၅ ပါး စုစုပေါင်း ၁၈၈ ပါးကို ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ သံဃာတော်(၁၁)ပါး၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံမြို့၌ “ပန်းခင်း”စီမံချက် ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့်အိမ်ထောင်စုလူဦးရေစာရင်းများ ဆောင်ရွက်ပေးလျက်ရှိ
Sep 15,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ “ပန်းခင်း” စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ရပ်ကွက်နှင့် ကျေးရွာမျာသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် (၉)နာရီက တြိဂံဒေသတိုင်းစစ်ဌာချုပ် လက်အောက်ရှိ ခမရ (၅၂၉)ရှိ တပ်မတော်သားများနှင့် မိသားစုဝင်များအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပန်းခင်းစီမံချက် အသိပညာပေး မြေစိုက်နံရံကပ်ပြဘုတ် စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းဆောင်ရွက်
Sep 15,2021
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသော ပန်းခင်းစီမံချက်အား ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် အသိပညာပေး မြေစိုက်နံရံကပ်ပြဘုတ် စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်ရက်နေ့က ပြည်-တောင်ငူ ကားလမ်းမကြီးတွင် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ပူးပေါင်းအဖွဲ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝါးခယ်မမြို့၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Sep 15,2021
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မြို့နယ်၌လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးအရာရှိဦးကျော်စိုး နှင့်ဝန်ထမ်းများမှ ယနေ့ နံနက် ၉ နာရီက ကုန်တင်ကုန်ချမှတ်ပုံတင်လုပ်သားများနှင့် ၎င်းတို့၏မိသားစုဝင်များအား လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မြို့နယ်ကုန်တင်ကုန်ချကော်မတီရုံးတွင် ကွင်းဆင်းပြုလုပ် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ်တွင် ပညာရေးဝန်ထမ်းမိသားစုများနှင့် Volunteer များအား ဒုတိယအကြိမ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Sep 15,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးအား ပညာရေးဝန်ထမ်းမိသားစုများနှင့် Volunteer များအား ယနေ့ နံနနက်ပိုင်းက မြို့နယ်သီရိမင်္ဂလာခန်းမ၌ ဆက်လက်ထိုးနှံ ပေးလျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်ကျွန်းမြို့နယ်၌ ကိုဗစ် -၁၉ရောဂါ ကူးစက်မှုထိန်းချုပ်ရေး အသိပညာပေး နှိုးဆော်ချက်များအား ပြည်သူများသိရှိစေရေး လိုက်လံနှိုးဆော်
Sep 15,2021
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျ စေရန်အတွက် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ပူးပေါင်းပါဝင်နိုင်ရန် အသိပညာပေး နှိုးဆော်ခြင်းများကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့ နံနက်(၁၁) နာရီအချိန်က ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25517
Page
25518
Page
25519
Page
25520
Current page
25521
Page
25522
Page
25523
Page
25524
Page
25525
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department