မိုးနဲ ဖေဖော်ဝါရီ ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် မြို့မြေတိုင်းတာရေး စီမံချက်အရ ပေါ့မိုင်းရပ်ကွက် အကွက်အမှတ် (၁၃)တွင် မြေယာပိုင်ဆိုင်မှု စာရင်းကောက်ယူခဲ့ပြီး နှစ်ရှည်မြို့ မြေငှားဂရန် ဒုတိယအကြိမ်ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီ အချိန်က ပေါ့မိုင်းရပ်ကွက် မဟာသုခချမ်းသာကြီး ဘုန်းတော်ကြီးကျောင်း၌ ကျင်းပရာ လင်းခေးခရိုင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေက အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် နှစ်ရှည်မြို့မြေငှားဂရန်ကတ် ၂၀ ကတ်ကို ပိုင်းဆိုင်သူ အိမ်ထောင် ဦးစီးများ လက်ဝယ်အရောက် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမွန်းလိန် ၊ လင်းခေးခရိုင် အုပ်ချုပ်ရေးမှူး ဦးနိုးဝေနှင့်တာဝန်ရှိသူများက အသီးသီး ပေးအပ်ခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်ဖေက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)