အမြို့မြို့အနယ်နယ်သတင်းများ

Sep 13,2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ် ရေး အစီအစဉ်ဖြင့် မောင်းမကန်စျေးတွင် နှာခေါင်းစည်း (Mask)များ တပ်ဆင်၍​ စျေးရောင်းစျေးဝယ်ရေး ရှိ/မရှိ ကွင်းဆင်း စစ်ဆေးမှုကို ယမန်နေ့ နံနက်နာရီ ၇ အချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Sep 13,2020
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပွားစေရေး အတွက် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန် မပျက် စစ်ဆေးဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီက ဒီးမော့ဆိုမြို့မဈေး၌ ဝင်ထွက်သွားလာနေသော ပြည်သူများအား မဖြစ်မနေ နှာခေါင်းစည်း တပ်ဆင်အသုံးပြုရေး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 13,2020
ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်တွင် ကိုဗစ်-၁၉ကြိုတင် ကာကွယ်နိုင်ရေးအတွက် ယနေနံနက်၈နာရီက မြို့မ ဈေးထိပ်နှင့် လူစည်ကားရာနေရာ များတွင် နှာခေါင်းစည်းMask မတပ်ဆင်သူများအား ယခုဝယ် ယခုတပ်စနစ်ဖြင့် စစ်ဆေးဆောင်ရွက်နေကြောင်းသိရသည်။
Sep 13,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်သည့် အသိပညာပေးနှိုးဆော်ခြင်းကို စက်တင်ဘာ ၁၁ ရက်နေ့ ည ၇ နာရီခန့်က မြို့ပေါ်ရပ်ကွက် (၃) ရပ်ကွက်သို့ အသံချဲ့စက်များဖြင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဝင်များက လိုက်လံအသိပေး နှိုးဆော်ခဲ့သည်။
Sep 13,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့ စည်ပင်သာယာဈေး၌ စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်က ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ဈေးအတွင်း/ဈေးအပြင်တွင် ရောင်းချသည့် ဈေးသည်များအား သတ်မှတ်အကွာ အဝေးအတွင်း ရောင်းချစေခြင်း၊ ဈေးသည်များနှင့် ဈေးသို့ လာရောက်သူ ပြည်သူများအား နှာခေါင်းစည်း Mask များ တပ်ဆင်စေခြင်း၊ နှာခေါင်းစည်း Mask များ တပ်ဆင်ပြီးမှသာ ဈေးအတွင်းသို့ ဝင်ရောက်စေခြင်း၊ နှာခေါင်းစည်း Mask မပါရှိပါက အရေးယူ ဆောင်ရွက်ခြင်း၊ ဈေးအတွင်းသို့ လက်ဆေးပြီးမှသာ ဝင်ရောက်စေခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 13,2020
ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး မြို့နယ်အဆင့် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယမန်နေနံနက်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ ၌ကျင်းပ ခဲ့သည်။
Sep 13,2020
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန် စားသောက် ဆိုင်များ ဆိုင်ထိုင်ရောင်းချခြင်းမပြုဘဲ ပါဆယ်ဖြင်သာရောင်းချရန် စက်တင်ဘာ ၁၁ ရက်နေ့ နံနက် ၁၁ နာရီက မင်းတုန်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိန်းဝင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှမြို့နယ်ဒုတိယဦးစီးမှူး ဦးမျိုးမင်းထွန်း (၂)နှင့် ဌာနဆိုင်ရာများက စားသောက်ဆိုင်များကို အသိပညာပေး ပြောကြားခဲ့သည်။
Sep 13,2020
ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းက စတုတ္တနှစ်စက်ဝန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ တင်းချောင်းကျေးရွာရှိ ကျေးရွာမီးလင်းရေးလုပ်ငန်းမှာ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်သဖြင့် ကျေးရွာလူထုမှ ဆန္ဒမဲပေးစစ်ဆေးခြင်းကို စက်တင်ဘာလ (၁၁) ရက်နေ့က အဆိုပါကျေးရွာ ရှိဘက်စုံသုံးခန်းမဆောင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။