အမြို့မြို့အနယ်နယ်သတင်းများ

Sep 13,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် မြစ်ကြီးနား- ဆွမ်ပရာဘွမ် - ပူတာအို ကားလမ်းဘေး ချစ်သူတံတားအနီးတွင် ကျန်းမာရေးစစ်ဆေးဂိတ်ကို ယမန်နေ့ နံနက် ၈ နာရီခန့်က စတင်ပြုလုပ်ခဲ့သည်။
Sep 13,2020
၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင် မြို့နယ် ရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ငြိမ်းချမ်းအေး ဦးစီးပြီး တပ်ဖွဲ့ဝင်(၃၅)ဦးဖြင့် ယမန်နေ့ နံနက်က ဆီအောဘုန်းတော်ကြီးကျောင်း ပရိယတ္တိစာသင်တိုက်၌ ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြ သည်။
Sep 13,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ တုံခမ်းရပ်ကွက် တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များသည် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကြိုတင် ကာကွယ်နိုင်ရေးအတွက် နှာခေါင်း စည်းများအခမဲ့ဖြန့်ဝေခြင်းကို ယ‌နေ့နံနက် (၈)နာရီမှစတင်၍ နေအိမ်တစ်အိမ်တက်ဆင်း ဆောင်ရွက် ခဲ့ကြသည်။
Sep 13,2020
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ နေ့စဉ်တိုးတက်များပြားလာနေမှုအပေါ် မိုင်းကိုင် မြို့နယ်အတွင်း ရောဂါကူးစက်ပျံ့ပွားမှု မရှိစေရေး မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ် ကုသရေး ကော်မတီသည် ကွင်းဆင်းကြပ်မတ်မှုများကို အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက် လျက်ရှိရာ ယမန်နေ့က ကားဂိတ်များနှင့် တည်းခိုခန်းများ၊ စားသောက်ဆိုင်များအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိ ရသည်။
Sep 13,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ မြို့နယ်အတွင်း ပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းဝေးစေရန်၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းစေရန်နှင့် ဓာတ်အားပြည့်ဝစွာသုံးစွဲခွင့်ရရှိစေရန် ရည်ရွယ် ၍ ယမန်နေ့ နံနက် ၈ နာရီက မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးတင့်ဇော်၏ ဦးဆောင်မှုဖြင့် လိုင်းတာဝန်ခံ ဦးလှဝင်းအောင်နှင့် ဝန်ထမ်းများအဖွဲ့က မင်းဘူးခရိုင်၊ မန်းသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံမှ ဖီဒါ(၁)ဖြင့် လျှပ်စစ်ဓာတ်အား ရယူအသုံးပြုသော ၃၃ ကေဗွီ ပွင့်ဖြူဓာတ်အားလိုင်းတစ်လျှောက် ကွင်းဆင်းသွားရောက်ပြီး ယိုင်နဲ့နေသော လျှပ်စစ်တိုင်များအား ပြန်လည်တည့်မတ်ခြင်း ၊ ကြွေသီးဟောင်းများ လဲလှယ်ခြင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 13,2020
ကော့သောင်းမြို့တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားစဉ် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိခဲ့သည့် နေရပ်ပြန်မြန်မာ သင်္ဘောသားအမျိုးသားသုံးဦး ရောဂါသက်သာပျောက်ကင်း၍ ယမန်နေ့ နံနက်ပိုင်းက ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း ကော့သောင်းခရိုင်၊ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
Sep 13,2020
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ငါ့သရောက်မြို့ ၊ငါ့သရောက်နယ်မြေရဲတပ်ဖွဲ့ဝင် များနှင့်ရပ်ကွက်နေပြည်သူများ ပူးပေါင်းကာ အမှတ်(၂)ဈေးကုန်းရပ်ရှိ မြနန္ဒာကျောက်ထီး ဘုရားအနီး ၊မြနန္ဒာကန်တော်ကြီး ပတ်ဝန်းကျင်တွင် စက်တင်ဘာ ၁၃ရက်နေ့ နံနက် ၈နာရီအချိန်က အပူချိန်လျှော့ချရေး အရိပ်ရသစ်ပင်များ စိုက်ပျိုးခဲ့ကြောင်း ရဲအုပ်အေး ကျော်ထံကသိရသည်။
Sep 13,2020
(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ် ခရိုင်၊ မူဆယ်မြို့မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် ပြည်သူ့ဆေးရုံကြီးရှိ သွေးလှူဘဏ်သို့ ယမန်နေ့ မွန်းလွဲပိုင်းအချိန်တွင် ပြုလုပ်ခဲ့သည်။