အမြို့မြို့အနယ်နယ်သတင်းများ

Sep 20,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့(အ.ထ.က)ကျောင်းတွင် ယနေ့ နံနက် ၉ နာရီက ကျန်းမာရေးဝန်ထမ်းများက ကျိုက်ဒုံမြို့ပေါ်နှင့် ကျေးရွာများတွင် နေထိုင်သည့် အသက်(၅၅)နှစ်နှင့် အထက်ဦးစားပေး ထိုးသင့်သည့် မသန်စွမ်း၊ EAOs အဖွဲ့များ၊ သံဃာ့တော်များ၊ အသက် ၁၈ နှစ်ပြည့်ပြီးသူများ၊ ပြည်သူများ အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။
Sep 20,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၌ ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အသံချဲ့စက်ဖြင့် အသိပညာ​​ပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
Sep 20,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကို ထိန်းချုပ်နိုင်ရေး၊ ရောဂါ ကွင်းဆက်ပြတ်တောက်နိုင်ရေး တစ်ဦးတစ်‌ယောက်ချင်းစီ တိုင်းအနေဖြင့် ဆက်လက်ပူးပေါင်း ဆောင်ရွက် သွားရမည်ဖြစ်ရာ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရန် နေထိုင်သွားရမည့် အချက်များအား နှိုးဆော်ခြင်းကို ယနေ့နံနက်(၉)နာရီ အချိန်မှစတင်၍ မြို့ပြင်လမ်းတစ်လျှောက် ကျေးရွာများတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
Sep 20,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင် ၊ကျေးသီးမြို့နယ်ပြည်သူ့ဆေးရုံ၌ စက်တင်ဘာ ၁၈ရက်နေ့က ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိခဲ့သည့် နားဖာကျေးရွာ၊ ဟာဝမ်ကျေးရွာအုပ်စု၊ ကျေးသီးမြို့နေ ကိုယ်ဝန်ဆောင် အမျိုးသမီးနှင့် ထိတွေ့ဆက်စပ်သူ မိသားစုဝင်(၂)ဦးအား စက်တင်ဘာလ (၁၉) ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ RDTစက်ဖြင့် စမ်းသပ်စစ်ဆေးရာ အဆိုပါ(၂)ဦးထံ၌ ရောဂါပိုး စစ်ဆေးတွေ့ရှိကြောင်းသိရသည်။
Sep 20,2021
ပဲခူးတိုင်း​ဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်စေရန် အသိပညာပေး နှိုး​ဆော်ခြင်းကို မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ယနေ့မနက်ပိုင်း က ဆောင်ရွက်ခဲ့သည်။
Sep 20,2021
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့ ချောင်းကြီးရပ်ကွက် ချောင်းကြီးကျောင်းတိုက် ဦးစီးပဓာန ဆရာတော် သက်တော်(၁၀၃)နှစ်၊ ဝါတော် (၈၃) ဝါရှိသည့် သက်တော်ရှည် ဆရာတော် ဘဒ္ဒန္တအရှင်ပညာဒပသည် ကိုဗစ်-၁၉ ရောဂါဖြင့် မြိတ်မြို့အမှတ်(၅)၊ ကုတင် (၁၀၀) တပ်မတော် ဆေးရုံတွင် စက်တင်ဘာလ(၁၈)ရက်နေ့ နံနက် ၅နာရီခန့်အချိန်က ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သဖြင့် ဆရာတော်ဘုရားကြီး၏ ရုပ်ကလပ် တော်အား ကရဝိတ်မော်တော် ယာဉ်ဖြင့် ကိုဗစ်-၁၉ ဆိုင်ရာ
Sep 20,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု များပြားလာသဖြင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေး နှိုးဆော်မှုများအား ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့အတွင်းရှိ ရပ်ကွက်များနှင့် လမ်းဆုံလမ်းခွတို့တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများမှ လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
Sep 20,2021
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် မြို့နယ်ရွေ့လျားကိုဗစ်-၁၉ရောဂါ စစ်ဆေးရေးအဖွဲ့မှ ရဟန်းသာမဏေ များအား ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ အခမဲ့စစ်ဆေးပေးခြင်းကို စက်တင်ဘာ ၁၈ ရက် နေ့လယ်၁၂ နာရီက ဥပုသ်တော် ရပ်ကွက်၊ အကွက်အမှတ်(ခ/၄၁၆)၊ မန္တ​လေးတောင်ခြေရှိ ဥသာပရိယတ္တိစာသင်တိုက်၌ ပြုလုပ်ခဲ့သည်။