သံတွဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအသုတ် (ပထမအကြိမ်) စတုတ္ထနေ့အဖြစ် ထိုးနှံပေးလျက်ရှိ

သံတွဲ စက်တင်ဘာ  ၂၀

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ကို သံတွဲမြို့နယ် အတွင်းရှိ အသက်(၅၅)နှစ်နှင့် အထက်ပြည် သူများအား ထိုးနှံပေးခြင်း တတိယနေ့ကို စက်တင်ဘာ ၁၉ရက်နံနက် ၁၀နာရီမှ စတင်၍ ဒွါရာဝတီမြို့နယ် ခန်းမနှင့် သက်ဆိုင်ရာကျန်းမာရေးဌာန အပါအဝင် ဆေးထိုးစင်တာ ၂ခုတွင် ထိုးနှံပေး လျက်ရှိကြောင်းသိရသည်။

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှံရာ ဒုတိယနေ့တွင် ဆေးမထိုးရသေးသူ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အို (၅၁)ဦး ၊ သာသနာ့ဝန်ထမ်း(၇)ဦး၊ အသက် ၅၅နှစ်မှ ၆၄နှစ်အထိ (၂၅၆)ဦး၊ မသန်စွမ်းသူ (၁)ဦး၊နာတာရှည်နှင့်မကူးစက်ရောဂါရှိသူ(၃)ဦး ၊ ပရဟိတလူမှုရေးအဖွဲ့ (၄၅)ဦး၊ ဝန်ထမ်း/ဝန်ထမ်းမိသားစု (၉၀)ဦး ၊ စက်ရုံ ၊အလုပ်ရုံ ( ၃၂)ဦး စုစုပေါင်း (၄၈၅)ဦးတို့အား ထိုးနှံပေးခဲ့ရာ ဆေးအလုံးပေါင်း (၉၇)လုံး သုံးစွဲခဲ့ကြောင်းကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ဆေးထိုးစင်တာ(၁၀)ခုတွင် စက်တင်ဘာ၁၆ရက်မှ ယနေ့ထိ ၄ရက်အတွင်း ဆေးထိုးပြီးသူ( ၇၀၉၂)ဦး ၊ဆေးအလုံးရေ (၁၄၁၆)လုံးကို ထိုးပေးနိုင်ခဲ့ပြီးဖြစ်သည်။

 

အဆိုပါဆေးထိုးနှံမှုကို   မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များ ခရိုင် ဆရာဝန်ကြီး ဒေါက်တာရဲဝင်းထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများက အနီးကပ်ကြီးကြပ် ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည် ။

 

ခရိုင် (ပြန်/ဆက်)