အမြို့မြို့အနယ်နယ်သတင်းများ

Sep 14,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ညောင်ပင်ရွာကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ပွင့်ဖြူမြို့နှင့် ညောင်ပင်ကျေးရွာသို့ ဆက်သွယ်သွားလာသော လမ်းပေါ်ရှိ ရေကျော်ချောင်း အရှည်ပေ ၄၀ အား ပွင့်ဖြူမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၉ - ၂၀၂၀ Main Budget ဖြင့် အကျယ်ပေ ၂၀ ရှိ သံကူကွန်ကရစ် တံတားတစ်စင်းအား အကောင်အထည်ဖော် တည်ဆောက်လျက်ရှိရာ ယခုအခါ ၇၅ ရာခိုင်နှုန်းခန့် ပြီးစီး သွားပြီ ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးမှ သိရသည်။
Sep 14,2020
ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်/ မြို့နယ်အဆင့် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီမှ မြို့နယ်အတွင်း လက်ရှိဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ကုသရေး အသိပညာပေးလုပ်ငန်းများနှင့် မြို့နယ်အတွင်း ဆောက်ရွက်လျက်ရှိသည့် လုပ်ငန်းများတိုးမြှင့်ဆောင်ရွက်နိုင်ရေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၉နာရီ အချိန်တွင် လပွတ္တာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Sep 14,2020
မန္တလေးခရိုင်ရှိ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင် ယမန်နေ့မှစ၍ ဆိုင်စားရောင်းချခွင့်မပြုဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
Sep 14,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ အဖြစ်များဒေသမှ ပြန်လာသည့် ဒေသ(ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်)မှ ပြန်လာသည့်သူများနှင့် ပြည်ပနိုင်ငံများမှ ပြန်လာသည့်သူများကို အသွားအလာကန့်သတ်စောင့်ကြည့်သည့်စင်တာတွင် ထားရှိပြီး အဆိုပါ အသွားအလာကန့်သတ်စောင့်ကြည့်သူများ၏ ဓါတ်ခွဲနမူနာ (အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ဖတ်) များကို ရယူ၍ ပြည်သူ့ကျန်းမားရေးဓါတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)သို့ ပေးပို့ စစ်ဆေးလျက်ရှိသည်။
Sep 14,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်အတွင်း ပြည်တွင်း၊ ပြည်ပမှ ပြန်လည် ရောက်ရှိလာသူများအား ပြည်သူ့ဆေးရုံရှိ လူနာစောင့်များ ထားရှိရာအဆောင် (၂၄)ဦးဆံ့ Community Based Facility Quarantine Centre၊ အစိဏ္ဏကံတန်ဆောင်း၊ ရှမ်းတန်ဆောင်းတို့တွင် (၃၄)ဦးဆံ့၊ Community Based Facility Quarantine Centre နှင့် ခတ္ထိယကျေးရွာအုပ်စု၊ ခတ္ထိယကျေးရွာရှိ ခတ္ထိယတိုက်နယ် ဆေးရုံဟောင်းတွင်(၁၀)ဦးဆံ့ Community Based Facility Quarantine Centre စုစုပေါင်း (၃)ခု ဖွင့်လှစ်ခဲ့သည်။
Sep 14,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်း (Stay at home) ကာလအတွင်း လူဝင်လူထွက် စစ်ဆေးနေခြင်များကို ယမန့်နေ့ ညနေ(၅:၀၀)နာရီ အချိန်က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
Sep 14,2020
ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ အစားအသောက်ရောင်းချနေသည့် ဆိုင်များ အားလုံး ယမန်နေ့နံနက်ပိုင်းမှစတင်ပြီး ယာယီအားဖြင့် ပါဆယ်စနစ်ဖြင့်သာ ရောင်းချခြင်း ရှိ / မရှိ လိုက်လံ စစ်ဆေးခဲ့ကြောင်း သိရသည်။
Sep 14,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက် ၂နှစ်အောက်ကလေးများကို ထောက်ပံ့ကြေး များပေးအပ်သည့် အစီအစဉ်များကို KBZ Payများမှတစ်ဆင့် လည်းကောင်း၊ မိုဘိုင်းဖုန်း မရှိသူများကို ဘဏ်ဝန်ထမ်းများကတစ်ဆင့်လည်းကောင်း ချိတ်ဆက်ဆောင်ရွက် ပေးနေပြီဖြစ်ကြောင်း မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနက စက်တင်ဘာလ ၁၃ရက်နေ့က သိရသည်။