အမြို့မြို့အနယ်နယ်သတင်းများ

Sep 20,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ (၁၃၃)ကြိမ်မြောက် ရှင်ဥပဂုတ္တရန္တာမြတ် ဆွမ်းကြီးခံ လှည့်လည်ပူဇော်၍ မီးမျှောပူဇော်ပွဲအား ယနေ့ နံနက်က ကျင်းပခဲ့ကြောင်း သိရသည်။
Sep 20,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား နိုင်ငံတော်မှ လူမှုရေး ပင်စင်ထောက်ပံ့ပေးအပ်လျှက်ရှိရာ ယမန်နေ့ နေ့လည် ၂ နာရီခွဲအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ မြို့နယ်အတွင်းရှိ ဘိုးဘွားများအား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ရန် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေး မှူးများထံ လူမှုရေးပင်စင် ထောက်ပံ့ငွေများ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
Sep 20,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ကန်ကြီးကျေးရွာအုပ်စု ကန်ကြီး(နောက်) ကျေးရွာ၌ တိုင်းဒေသကြီးခွင့်ပြု ရန်ပုံ ငွေဖြင့် မြေသားရေကန်ပြုပြင်တူးဖော်ခြင်းလုပ်ငန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်နေကြောင်း သိရသည် ။
Sep 20,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်း အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုများ ပူးပေါင်းပါဝင် လိုက်နာရမည့် ကျန်းမာရေး ညွှန်ကြားချက်များအား မြန်မာ၊ ရှမ်း နှစ်ဘာသာဖြင့် အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီက နမ့်မန်းကျေးရွာ၌ သွားရောက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 20,2021
လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် (၁)ဦးစစ်ဆေးခဲ့ရာ တစ်ဦးပိုးတွေ့ရှိခဲ့ပြီး ကယားပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် စက်တင်ဘာလ (၁၉)ရက်နေ့အထိ အနံ့ပျောက်၍ လာရောက်ပြသသူများ၊ ၎င်းတို့နှင့်ထိတွေ့ ဆက်စပ်သူ(၂၄၃) ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ (၃၆) ဦးပိုးတွေ့ရှိပြီး
Sep 20,2021
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ (၃၉၉၅)ဦးအား ပထမအကြိမ်ဆေးထိုးနှံပေးခဲ့ပြီးဖြစ်ပြီးသတ်မှတ်နေရာများဖြစ်သော ရွှေသက်လွတ် ဘုရားဝန်းအတွင်းရှိ သာသနာ့ဗိမာန်တော်၊ တေဇခန်းမနှင့် ကျေးရွာအုပ်စုများတွင် ယနေ့ နံနက် ၉ နာရီက သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။