အမြို့မြို့အနယ်နယ်သတင်းများ

Sep 12,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် အသိပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ထီးတန်းစျေးတစ်လျှောက်တွင် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
Sep 12,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်ရှိ လယ်ယာမြေသိမ်းဆည်းခံ တောင်သူများအား သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာ့သစ်လုပ်ငန်း ဝါးတရာသစ်အခြေခံစက်မှုဇုန်ဧရိယာမှ သိမ်းဆည်းလယ်ယာမြေများအား ဒုတိယအကြိမ် မြေယာလျော်ကြေးပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က အမှတ် (၉) သစ်အခြေစိုက်အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။
Sep 12,2020
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏအမျိုးသားဘောလုံး အကယ်ဒမီ (ရန်ကုန်) မြက်ခင်းတု ဘောလုံးကွင်း ဝင်းအတွင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏လမ်းညွှန်မှုဖြင့် ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးကဦးဆောင်ကာ Quarantine ဝင်ရောက်သူများအားထားရှိနိုင်ရန်အတွက် ယာယီအဆောက်အဦတစ်လုံးလျှင်လူ (၁၀၀)ဦး Quarantine ဝင်‌ရောက်နေထိုင်နိုင်မည့် ယာယီအဆောက်အဦ (၂) လုံးကို CNC ကုမ္ပဏီမှ (၅) ရက်အတွင်း အပြီးတည်ဆောက်မည်ဖြစ်ပြီး လူ (၄၀၀) ဦးခန့်ထားနိုင်မည့် ယာယီအဆောက်အဦ Quarantine Center များကိုလည်းဆက်လက်ဆောက်လုပ်သွားမည် ဖြစ်သည်။
Sep 12,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် လူမှုဝန်ထမ်းဦးစီးဌာနက တာဝန်ယူပြီး ရွှေဘိုခရိုင်အတွင်းရှိ ထောက်ပံကြေး တစ်ကြိမ်တစ်ခါမှ မရရှိဘူးသေးသည့် မသန်စွမ်းသူများကို ကိုဗစ်-၁၉ကာလ စီးပွားရေးထိခိုက်မှုသက်သာရေးအစီအစဉ်အနေဖြင့် တစ်ဦးလျှင် ကျပ်သုံးသောင်းကျပ်ကို အဖွဲ့ခွဲ၍ အိမ်တိုင်ရာရောက်ထောက်ပံခြင်းကို ယမန်နေ့ကစ၍ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
Sep 12,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲစာရင်းများကပ်ထားကြေညာနိုင်ရေး မြို့နယ်မဲဆန္ဒရှင် စာရင်းစိစစ်ရေးလုပ်ငန်းကော်မတီက မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်မှုရှိစေရေး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ယမန်နေ့နံနက်ပိုင်းက မဲစာရင်းများ ပြည့်စုံမှန်ကန်နိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိသည်။
Sep 12,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီး‌ဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ စတုတ္ထသုံးလပတ်အတွက် အသက် (၈၅) နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့မှုကို ယမန်နေ့က စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Sep 12,2020
ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်နှင့် ငါ့သရောက်မြို့တို့တွင် မိုးရွာသွန်းမှုနည်းပါးသောကြောင့် မြေပဲစိုက်ခင်းများ ခြောက်သွေ့စပြုလာကြောင်း ဒေသခံမြေပဲ စိုက်တောင်သူများထံမှသိရသည်။