Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့် ကာကွယ်ဆေး ဆက်လက်ထိုးပေးရန် စာရင်းပေးသွင်းနိုင်ရေး အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်
Sep 20,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်း၌ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးမှုများ၊ အသက် (၅၅)နှစ်မှ (၆၄)နှစ်အတွင်းရှိသူများအား ကာကွယ်ဆေး ဆက်လက်ထိုးပေးရန် စာရင်းပေးသွင်းနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို လိုက်နာ ဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက် များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေး အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ည ၇ နာရီ က မြို့နယ်အတွင်းရှိ ရပ်ကွက်များအတွင်း လှည့်လည်အသိပေး နှိုးဆော်ဆောင်ရွက်ပေးလျက်ရှိ သည်။
အပြည့်အစုံ ဖတ်ရန်
မြိတ်မြို့ ဈေးတန်းရပ်ကွက်တွင် ကိုဗစ်ရောဂါပိုး တွေ့ရှိသည့်နေအိမ်နှင့် ရောဂါကာကွယ်ရေး ပရဟိတ ဆောင်ရွက် ပေးသူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်
Sep 20,2021
တနင်္သာရီတိုင်ဒေသကြီး မြိတ်မြို့ ဈေးတန်းရပ်ကွက်တွင် လက်ရှိအချိန်၌ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ၍ အသွားအလာ ကန့်သတ်နေအိမ်များအား အခြေခံစားကုန်များနှင့် ကိုဗစ်ရောဂါ ကာကွယ်ရေးလုပ်ငန်းကို ပရဟိတ လုပ်အားပေး ဆောင်ရွက်ကြသူများအား ယမန်နေ့ နေ့လယ်ပိုင်းက ဈေးတန်းရပ်ကွက် စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးတွင် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဝေါမြို့နယ်တွင် ယနေ့ ကိုဗစ်-၁၉-ရောဂါ ပိုးတွေ့လူနာမရှိ၊ သေဆုံးလူနာ(၁)ဦး
Sep 20,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ယမန်နေ့အထိ မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ Test Kit (RDT) ဖြင့် ဝေါမြို့နယ် ကျန်းမာရေး ဦးစီးဌာနရှိ ကျန်းမာရေး ဝန်ထမ်းများမှ အဖွဲ့များခွဲ၍ အနံ့ပျောက်သံသယရှိသူ လူနာ (၂၀၄) ဦးအား Test Kit (RDT) ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်- ၁၉ရောဂါ ပိုးတွေ့လူနာမရှိခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်တောမြို့၌ အသက်(၅၅)နှစ် အထက်ပြည်သူများအား ကိုဗစ်(၁၉) ရောဂါ ကာကွယ် ဆေး ဆက်လက်ထိုးနှံ
Sep 20,2021
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် ထိုးနှံပေးခြင်း ကို ပေါက်တောမြို့ သာသနာ့ဗိမာန်စုရပ်နှင့်၊ ကျေးလက်ကျန်းမာရေးဌာန စုရပ်(၆) နေရာတို့တွင် ယနေ့နံနက် (၁၀)နာရီက ဆက်လက် ထိုးနှံပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများအား ဆက်လက်ထိုးနှံပေး
Sep 20,2021
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးရန်ကျန်ရှိနေသူများအား ယနေ့ နံနက် ၈ နာရီက မြို့နယ်အတွင်းရှိ ကာကွယ်ဆေးထိုး စုရပ်နေရာများ၌ ဆက်လက်ထိုးနှံပေးကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းစုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးရာတွင် အတည်ပြုလူနာ(၁၃)ဦး ထပ်မံတွေ့ရှိ
Sep 20,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၌ စက်တင်ဘာလ (၁၉)ရက်နေ့က RDT ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးရာတွင် အတည်ပြုလူနာ (၁၃) ဦး ထပ်မံတွေ့ရှိရကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့နယ်တွင် အသက်(၅၅)နှစ် မှ (၆၄)နှစ်အတွင်းရှိ ရပ်ကွက်နေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံခြင်းများ ဆောင်ရွက်
Sep 20,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်လမ်း အရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း အိမ်တော်ရာ စေတီတော်ဝင်း အတွင်းရှိ ရတနာ့ဗိမာန်တော် တန်ဆောင်းတွင် ယမန်နေ့နံနက် (၉:၀၀)နာရီ အချိန်တွင် အသက်(၅၅)နှစ်မှ (၆၄)နှစ် အတွင်းရှိ ရပ်ကွက်နေ ပြည်သူ (၂၈၅) ဦးအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm) အား ထိုးနှံပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့နယ်၊ တကူကျေးရွာရှိ သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ဓာတ်ခွဲစစ်ဆေးပေး
Sep 20,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်နှံ့မှုမှ ကွင်းဆက် ဖြတ်တောက် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်၏လမ်းညွှန်မှုဖြင့် ဘုန်းတော်ကြီး ကျောင်းများတွင် အစုအဝေးဖြင့် ရှိနေသည့် သံဃာတော်များနှင့် သာသနာ့ အနွယ်ဝင်သီလရှင်များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိဓာတ်ခွဲစစ်ဆေးမှုများ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ ညနေ(၄)နာရီအချိန်က တကူကျေးရွာအုပ်စု တကူကျောင်းကြီး ဘုန်းတော်ကြီးကျောင်းရှိ ဆရာတော်၊ သံဃာတော်များကို စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25474
Page
25475
Page
25476
Page
25477
Current page
25478
Page
25479
Page
25480
Page
25481
Page
25482
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department