မုံရွာမြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်အထက်ပြည်သူ(၅၇၇)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်)ထိုးနှံပေး

မုံရွာ စက်တင်ဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်ကုသရေး နှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းများပူးပေါင်းပြီး မုံရွာမြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်အထက်ပြည်သူများအား သတ်မှတ်အုပ်စုအလိုက် ဦးစားပေးအစီအစဥ်အတိုင်း ယမန်နေ့ နံနက်(၉)နာရီမှ နေ့လယ်(၁)နာရီအထိ သတ်မှတ်နေရာ (၂)ခုတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့် အညီ စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူထံမှသိရသည်။

 

အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm)များကို မုံရွာမြို့နယ်အတွင်းရှိ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနရုံးတွင်(၃၆၇)ဦး၊ အမှတ်(၂) အခြေခံပညာအထက်တနိးကျောင်းတွင်(၂၁၀)ဦး  စုစုပေါင်းသတ်မှတ်နေရာ(၂)ခုတွင် ကျား(၂၅၉)ဦးနှင့်မ(၃၂၈)စုစုပေါင်း ပြည်သူ(၅၇၇)ဦးအား စနစ်တကျ ထိုးနံပေးနေမှုများအား မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်ကုသရေး နှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးလွင်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

 

ထိန်လင်း(မုံရွာ)