ကျိန္တလီမြို့ စေတီကွင်းကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ် ရေးကတ်ပြားများကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

ကျိန္တလ စက်တင်ဘာ ၂၀

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး အတွက် ယမန်နေ့ နံနက်(၉)နာရီအချိန်က စေတီကွင်းကျေးရွာအုပ်စုတွင် ကွင်းဆင်းဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်တွင် ဂွမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဦးမင်းမင်းထွန်းနှင့် ဝန်ထမ်းများက ကျိန္တလီမြို့ စေတီကွင်းကျေးရွာအုပ်စုတွင် နေထိုင်ကြ သည့် ပြည်သူများကို အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေးအတွက် ကွင်းဆင်း ဆောင်ရွက်ပေးလျကရှိကြောင်း သိရသည်။

 

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် စေတီကွင်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတွင် အသက်(၁၈) နှစ်အောက် ကျား(၂)ဦး၊ အသက်(၁၈)နှစ်အထက်ကျား(၉)ဦး၊ မ(၁၃)ဦး၊ ကတ်ပျောက် လဲလှယ် မိတ္တူ ကျား(၁၃)ဦး၊ မ(၁၆)ဦး စုစုပေါင်းကျား(၂၄)ဦး၊ မ(၂၉)တို့အား ကွင်းဆင်း ပြုလုပ် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကျိန္တလီနယ်မြေရဲစခန်းမှ ဒုရဲအုပ်ဝင်းမောင်မောင်သိန်း နှင့်တပ်ဖွဲ့ဝင်များက လုံခြုံရေး တာဝန်များ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ခိုင်မိုးမင်း