အမြို့မြို့အနယ်နယ်သတင်းများ

Sep 20,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ဦးစားပေးအုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (တတိယအသုတ်) ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီခန့်က စတင်၍ ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးလက်ကျန်းမာရေးဌာန(၈)ခုတွင် သတ်မှတ်ဆေးထိုးစုရပ်များ၌  ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Sep 20,2021
မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများလျှော့ပါးသက်သာလာစေရန်၊ အကောင်း ဆုံးကာကွယ်ဖို့ နည်းလမ်းများ သိရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီအချိန်တွင် ဘုရားကြီးအနောက် ရပ်ကွက်သို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လိုက်လံအသိပညာပေး နှိုးဆော် ခဲ့ကြောင်းသိရသည်။
Sep 20,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဦးဆောင်၍ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုမရှိစေရန်အတွက် ယနေ့ နံနက် ၇ နာရီချိန်မှ ၁၀ နာရီအချိန်ထိ မြို့ဝင်/မြို့ထွက်နေရာများ၌ မြို့တွင်းသို့ဝင်ရောက်လာသူများ အား ကိုဗစ်ရောဂါ ပိုးရှိ/ မရှိ အခမဲ့စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
Sep 20,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၌ ဆေးကုသမှုခံယူနေသူ ကိုဗစ်-၁၉ ရော ဂါ အတည်ပြုလူနာ (၇၄)ဦးအနက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ(၁၃)ဦးအား ယမန်နေ့နှင့်ယနေ့တွင် နေရပ်သို့ ပြန်လည်စေလွှတ်ခဲ့သဖြင့် ယနေ့အထိ ကျန်းမာရေး ပြန်လည်ကောင်းမွန်သဖြင့် နေရပ်သို့ ပြန်ခွင့်ရသူ (၃၂၈) ဦးအထိ ရှိလာပြီဖြစ်ကြောင်း  မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
Sep 20,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့အတွက် (ဒုတိယအသုတ်)၊ ပထမအကြိမ် အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm) တစ်လုံးလျှင် ၅ ဦး နှုန်းထိုးနှံပေးနိုင်သည့် ဆေးအလုံး(၁၀၀၀)လူဦးရေ (၅၀၀၀)ဦး အားထိုးနှံပေးနိုင်မည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှသိရသည်။
Sep 20,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ရွာသာယာနယ်မြေ မီးသတ်စခန်းကို ခွင့်ပြုရန်ပုံငွေ ကျပ်သန်းပေါင်း (၁၅၀)ကျော်ဖြင့် ဆောက်လုပ်လျက်ရှိရာ လုပ်ငန်းအားလုံး (၄၅) ရာခိုင်နှုန်းကျော် တည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်း ခရိုင်မီးသတ် ဦးစီးမှူးရုံးမှ သိရသည်။
Sep 20,2021
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ မိုးရာသီကာလတွင် ဖြစ်ပေါ်လေ့ရှိသော ရေကြီး ရေလျှံမှုမဖြစ်ပေါ်စေရန်၊ ရေစီးရေလာ ကောင်းမွန်စေရန်နှင့် ရေမြောင်း များ ပိတ်ဆို့မှုကြောင့် ခြင်များပေါက်ဖွားမှု မရှိစေရန် ရည်ရွယ်၍ ပြည်လမ်း စော်ဘွားကြီးကုန်း ပွဲရုံဝင်းရှေ့နှင့် နံ့သာမြိုင် ပန်းခြံဘေးရှိ ရေမြောင်းများကို ရေစီး ရေလာကောင်းမွန်ရေး ယနေ့ နံနက် (၇)နာရီအချိန်က ဆောင်ရွက် ခဲ့သည်။
Sep 20,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့၌ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ ပါးစပ်နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက် (၉)နာရီက ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။