မင်းလှမြို့၌အခြေခံပညာကျောင်းဆောင်သစ်များဆောက်လုပ်ပြီးစီးမှုအခြေအနေအားကြည့်ရှုစစ်ဆေး

အထက်မင်းလှ      စက်တင်ဘာ  ၂၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အခြေခံပညာကျောင်း ဆောင်သစ် များဆောက်လုပ်ပြီးစီးမှု အခြေအနေများကိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အရည် အသွေးစစ်ဆေးရေး ကော်မတီအဖွဲ့ဝင်များက ယမန်နေ့နံနက် ၈ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

 

အဆိုပါ ကျောင်းဆောင်သစ်များမှာ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုငွေလုံး ငွေရင်းရန်ပုံ ငွေဖြင့် ဆောက်လုပ်သည့် လုပ်ငန်းများဖြစ်ပြီး၊ ညောင်ဝိုင်း(အ-ထ-က)အလျား ၁၄၀ ပေ၊အနံ ၃၀ ပေRCCနှစ်ထပ်ဆောင်၊ မြောက်မျှားကုန်း(အ-လ-က) အလျား ၁၀၀ ပေ၊အနံ ၃၀ ပေ RCCနှစ် ထပ်ဆောင်၊  စစ္စနို့(အ-လ-က)၊   လယ်လှ(အ-လ-က)   အလျား ၉၀ ပေ၊ အနံ ၃၀ ပေ  RCCနှစ် ထပ်ဆောင်၊ လိန်ကြော(မူလွန်) ကျောင်း      အလျား  ၆၀  ပေ ၊  အနံ  ၃၀  ပေ    RCC တစ်ထပ်ဆောင်                 မင်းဂံကျေးရွာ၊ တလုတ်ပင်ကိုင်း ကျေးရွာ၊ ရွာသာယာကျေးရွာ၊ ကျစ်ဖျားကျေးရွာတို့မှ (အ-မ-က) ကျောင်းများ အလျား ၆၀ ပေ၊ အနံ ၃၀ ပေ RCCတစ်ထပ် ကျောင်းဆောင်သစ်များ ဆောက်လုပ်ရာတွင် သက်ဆိုင်ရာကုမ္ပဏီများ မှတာဝန်ယူဆောက်လုပ်နေမှုအခြေအနေများအားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊မြို့နယ်အရည်အသွေးစစ်ဆေးရေး ကော်မတီဝင်များက ကြည့်ရှု စစ်ဆေးခဲ့သည်။        

မင်းလှမြို့နယ်၌အခြေခံပညာ ကျောင်းဆောင်သစ်များ ဆောက်လုပ်ရာတွင်    တာဝန်ယူဆောပ်လုပ်နေ သည့်ကုမ္ပဏီများအနေဖြင့် လုပ်ငန်းများသတ်မှတ်အရည် အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီး နိုင်ရေးတို့အား အလေးထားလိုက်နာ ဆောင်ရွက်ကြရန် တာဝန်ရှိသူများကမှာ ကြားခဲ့ ကြောင်းသိရသည်။

ဇာဇာ(အထက်မင်းလှ)