Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိုးနဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စဉ်ဆက်မပြတ် အသိပေး လှည့်လည်နှိုးဆော်
Sep 20,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မရှိစေ ရေးအတွက် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်မှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီအချိန်က မြို့ပေါ် (၅) ရပ်ကွက်ရှိ လူအများ သွားလာရာလမ်းဆုံ နေရာများတွင် Hand Speak ဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထီးလင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ ၅၈၁၆ ဦး ရှိပြီဖြစ်
Sep 20,2021
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့်ပြည်သူများအား ဦးစားပေးအုပ်စုများအလိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ကို ယနေ့နံနက် ၈ နာရီမှစ၍ ထီးလင်းမြို့ မိခင်ကလေးကျန်းမာရေးဌာန၌ ပထမအကြိမ် ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
တိုက်ကြီးမြို့နယ်တွင် Mask Campaign ဆောင်ရွက်
Sep 20,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်ရေး ပြည်သူများ နေအိမ်မှ ထွက်ခွာတိုင်း ပါးစပ်/နှာခေါင်းစည်း (Mask)များ စနစ်တကျ တပ်ဆင်သွားလာရေး အသိပညာပေးလုပ်ငန်း Mask Campaign ကို ယမန်နေ့ နံနက် ၇ နာရီခွဲအချိန်ခန့်က ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နောင်တရားမြို့၌ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း (၁၈၉)ဦးရှိ
Sep 20,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၌ ယနေ့အထိ ကျန်းမာရေးကောင်းမွန် ၍ ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း (၁၈၉)ဦးရှိ ကြောင်း နောင်တရားတိုက်နယ်ဆေးရုံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်တုန်းမြို့နယ်အတွင်းရှိ ပုဂ္ဂလိကစက်ရုံအလုပ်၊ အလုပ်ရုံနှင့်စာသောက်ဆိုင်ဝန်ထမ်းများ အားပထမအကြိမ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ
Sep 20,2021
ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ ပုဂ္ဂလိကစက်ရုံအလုပ်၊ အလုပ်ရုံဝန်ထမ်းများနှင့် စာသောက်ဆိုင် ဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ လှိုင်ပညာခန်းမ၌ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး(ဒုတိယ)အကြိမ် ပထမအသုတ် ဆက်လက်ထိုးနှံပေး
Sep 20,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြိုနယ်တွင် အသက် ၅၅ နှစ်မှ ၆၄ နှစ်အတွင်း ပြည်သူများ၊ မသန်စွမ်းများ၊ နာတာရှည်ရောဂါရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) (ဒုတိယ) အကြိမ် ပထမအသုတ် ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၈နာရီ အချိန်ကစ၍ ဆေးထိုးစုရပ်နေရာများ၌ စတင်ထိုးနှံပေးနေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မာန်အောင်မြို့နယ်တွင် အသက် ၅၅ နှစ်အထက်ရှိသူများနှင့် ဦးစားပေးအုပ်စုတွင်ပါဝင်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယနေ့အဖြစ် ဆက်လက်ထိုးနှံ
Sep 20,2021
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် အသက် ၅၅ နှစ်အထက်ရှိသူများနှင့် ဦးစား ပေးအုပ်စုတွင် ပါ ဝင်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ဒုတိယနေ့အဖြစ် ထိုးနှံခြင်းကို ယနေ့ နံနက် ၁၀နာရီမှညနေ၃နာရီထိဆေးထိုးစုရပ်ဖြစ်သည့် မြို့နယ်ပြည့်သူ့ဆေးရုံနှင့် ကျေးလက်ကျန်းမာရေးဌာနတို့ ဖြစ်သည့် ကမား၊ ငပုန်ကုန်း၊ မီးလောင်ထောင့်၊ မျှော်တော်ဦး၊ ရဲကျွန်း၊ ဂန့်ကော်တော၊ မောင်းမကန်ကျေးလက် ကျန်းမာရေးဌာနတို့တွင် သတ်မှတ်နေရာများ၌ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရသေ့တောင်မြို့နယ်၌ အသက်(၅၅)နှစ်အထက်ရှိသူများနှင့် ဦးစားပေးသတ်မှတ်အုပ်စုများတွင် ပါဝင်သူများအားကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်စတင်ထိုးနှံပေး
Sep 20,2021
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ အသက်(၅၅)နှစ်အထက်ရှိသူများနှင့် ဉီးစားပေးသတ်မှတ်အုပ်စုများတွင် ပါဝင်သည့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးခြင်းအား စက်တင်ဘာ ၁၉ရက်နေ့ မှ စ၍ သတ်မှတ်စုရပ်များတွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ ထိုးနှံပေး လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25464
Page
25465
Page
25466
Page
25467
Current page
25468
Page
25469
Page
25470
Page
25471
Page
25472
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department