Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
အောင်မြေသာစံမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်
Sep 15,2020
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ကြီးမှူး၍ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ပြည်ကြီးကျက်သရေ အနောက်ရပ်ကွက်၊ ၈၂ လမ်း၊ ၂၄ လမ်းနှင့် ၂၅ လမ်းကြားရှိ အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်း ဧသီဒါခန်းမတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းမြို့တွင် ဈေးဝယ်လာပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ လက်သန့်ဆေးရည်များ ဆေးကြောပေး
Sep 15,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့၊ နံနက်ပိုင်းက ရွာထောင် မီးရထားရပ်ကွက် အုပ်ချုပ်ရေး မှူးနှင့်အဖွဲ့များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများပူးပေါင်း၍ ဈေးဝယ်လာများအား နှာခေါင်းစည်းများ တပ်ဆင်စေခြင်း အသိပညာပေးနှိုးဆော်ကာ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် လက်သန့် ဆေးရည်များ ဆေးကြောပေးခြင်းတို့ ဆောင်ရွက် ခဲ့ကြကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းစံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး ကျေးရွာအရောက် လှည့်လည်နှိုးဆော်
Sep 15,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းစံမြို့တွင် ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး၊ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အသိပညာပေး နှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ ၄ နာရီအချိန် က ကျေးရွာများအရောက် လှည့်လည်နှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တမူးခရိုင်၊ မြို့သစ်မြို့၌ ကိုဗစ်-၁၉ စီးပွား ရေးကုစားမှု (CERP) အစီအစဉ်အရ မျိုးစေ့ထုတ်စိုက်ခင်းများအား မျိုးကွဲနှုတ်ပယ်ခြင်းများ ကွင်းဆင်းဆောင်ရွက်
Sep 15,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့၌ နိုင်ငံတော်အစိုးရ၏ ထောက်ပံ့မှုဖြင့် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု (CERP) အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများ မျိုးကွဲနှုတ်ပယ်ခြင်းလုပ်ငန်းကို စက်တင်ဘာလ ၁၄ ရက်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း မြို့သစ်မြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာ ၂၇ ရွာတွင် ကျေးရွာဖွံ့ဖြိုးရေးစီမံချက်ရေးဆွဲခြင်း စီမံကိန်း (VDP) ရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်းများ အဆင့်မြှင့်တင်ခြင်းလုပ်…
Sep 15,2020
မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာ ၂၇ ရွာတွင် ကျေးရွာဖွံ့ဖြိုးရေးစီမံချက်ရေးဆွဲခြင်းစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
တမူးမြို့၊ မြို့မစည်ပင်သာယာစျေးတွင် စျေးရောင်း၊ စျေးဝယ်သူများ နှာခေါင်းစည်း (Mask) တပ်ဆင်၍ သွားလာမှု ရှိ/ မရှိ စစ်ဆေးခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Sep 15,2020
စစ်ကိုင်းတိုင်းဒေသကြီး၊တမူးမြို့ ၊မြို့မစည်ပင်သာယာစျေးအတွင်း နေ့စဥ်သွားလာနေသော စျေးရောင်း၊စျေးဝယ်သူများ နှာခေါင်းစည်း(Mask)များ တပ်ဆင်၍ သွားလာမှု ရှိ/ မရှိ စစ်ဆေးခြင်းများကို နေ့စဉ်အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မအူပင်မြို့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် ရွေးကောက်ပွဲ ဆိုင်ရာ စွမ်းရည်မြှင့် သင်တန်း ဖွင့်လှစ်
Sep 15,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မအူပင်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက မအူပင်မြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဧည့်ရိပ်သာခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကလေးမြို့နယ် ထောက်ကြန့်ကျေးရွာရှိ မျိုးစေ့ထုတ်စိုက်ခင်းများအား ပိုးမွှားရောဂါ ကျရောက်မှု ရှိ/မရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Sep 15,2020
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ထောက်ကြန့်ကျေးရွာတွင် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးအပေါ်ထိခိုက်မှု သက်သာစေရေး စီမံချက်အရ စိုက်ပျိုးထားသော မျိုးစေ့ထုတ်စိုက်ခင်းများအား ယမန်နေ့နံနက်ပိုင်းက ပိုးမွှားရောဂါ ကျရောက်မှု ရှိ/မရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25464
Page
25465
Page
25466
Page
25467
Current page
25468
Page
25469
Page
25470
Page
25471
Page
25472
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department