အင်းစိန်မြို့နယ်၌ ဆိုင်ကယ်မတော်တဆမှု ဖြစ်ပွားရာ ဒဏ်ရာရရှိသူ အမျိုးသားတစ်ဦးအား ကြက်ခြေနီအသင်း(အင်းစိန်)မှ ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးပြီး ဆေးရုံသို့ ပို့ဆောင်

ရန်ကုန် စက်တင်ဘာ  ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ယမန်နေ့ ည(၉)နာရီအချိန်က ဆိုင်ကယ်မတော်တဆမှု ဖြစ်ပွားကြောင်း သိရသဖြင့် ကြက်ခြေနီအသင်း (အင်းစိန်)မှ တာဝန်ရှိသူ များက အချိန်နှင့်တစ်ပြေးညီ သွားရောက်၍ ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့ ပြီး ဒဏ်ရာရရှိသူကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်၊ (၁၄)လမ်းဆုံအနီးတွင် ဆိုင်ကယ် မတော်တဆမှု ဖြစ်ပွားရာ အမျိုးသားတစ်ဦး ဒဏ်ရာရရှိသွားကြောင်း သိရသဖြင့် ကြက်ခြေနီအသင်း(အင်းစိန်)၊ ဥက္ကဋ္ဌ ဦးစည်သူဇော်၊ တပ်ဖွဲ့မှူး ဦးနီထွန်းနှင့် စေတနာ့ လုပ်အားရှင်များက လူနာတင်ယာဉ်ကားဖြင့် အချိန်နှင့်တစ်ပြေးညီ အဆိုပါဖြစ်ပွားသည့်နေရာသို့ သွားရောက်၍ ဒဏ်ရာရရှိသူ အမျိုးသား တစ်ဦးမှာ ဦးခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာရရှိသဖြင့် ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ပြီး မြောက်ဥက္ကလာပဆေးရုံသို့  ပို့ဆောင်ပေးခဲ့သည်။

အင်းစိန်မြို့နယ်အတွင်းရှိ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန်အတွက် ကြက်ခြေနီအသင်း(အင်းစိန်)မှ တာဝန်ရှိသူများက (၂၄)နာရီ လူနာတင်ယာဉ်ကား (၃)စီးဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို