အမြို့မြို့အနယ်နယ်သတင်းများ

Sep 20,2021
ကယားပြည်နယ်၊ ​​ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံနှံ့မှုနှင့် ဖြစ်ပွားနေမှုကို ထိန်းချုပ်ရေး၊ ရောဂါကွင်းဆက်ပြတ်တောက်နိုင်ရေးနှင့် ကိုဗစ်-၁၉​ရောဂါ ကာကွယ်​ဆေးထိုးနှံ​ရေး စသည့် အသိပညာပေးခြင်းကို ယနေ့နံနက်(၇)နာရီမှစတင်၍​ ဖား​ဆောင်းမြို့နယ်အတွင်းရှိ မြို့​ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် မြို့နယ်ကိုဗစ်-၁၉​ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အ​ရေး​ပေါ် တုံ့ပြန်​ရေး​ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် Volunteer များက ပူး​ပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Sep 20,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ဦးတည်အုပ်စုများ ထပ်မံတိုးချဲ့၍ ပြည်သူလူထုများအား ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်ဘက်စုံသုံးခန်းမတွင် ဒုတိယနေ့အဖြစ် ဆက်လက်ဆောင်ရွက်ခဲ့သည်။
Sep 20,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ဦးအောင်မြတ်ခန်းမတွင် ယမန်နေ့က ဒုတိယ အကြိမ်မြောက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ရာ ဆရာတော်၊ သံဃာတော်များ၊ သီလရှင်များ၊ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ဝန်ထမ်းမိသားစုများ၊ ဈေးသူဈေးသားများ၊ လူမှုကူညီရေးအသင်းများနှင့် ပုဂ္ဂလိကစက်ရုံအလုပ်ရုံများမှ ဝန်ထမ်းများ စုစုပေါင်း ၁၈၀ ဦးကို ထိုးနှံပြီးစီးခဲ့ ကြောင်း သိရသည်။
Sep 20,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ ၊ အမှတ်(၁)ရပ်ကွက် ၊ အ.ထ.က ဟိုင်းကြီးအခြေခံပညာအထက်တန်း ကျောင်းတွင် အသက်(၅၅) နှစ်မှ (၆၄) နှစ်အတွင်းရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးပထမအကြိမ် ထိုးနှံခြင်းကို ယနေ့ နံနက် (၁၀) နာရီ မှစ၍ ထိုးနှံပေးလျက်ရှိသည်။
Sep 20,2021
ဂန့်ဂေါမြို့နယ်တွင် ယခုတစ်ပတ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းသည့်အတွက် ဒေသအတွင်း စီးဆင်း သည့် ချောင်းများ၊ တောင်ကျချောင်းများ ရေမြင့်တက်လျက်ရှိသည့်အပြင် ဂန့်ဂေါမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းသည့် မြစ်သာမြစ်ရေမှာလည်း မြင့်တက်လျက်ရှိသည်။
Sep 20,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ‌ပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက် ပေးလျက်ရှိရာ ဒုတိယအသုတ် (ပထမ) အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်က စတင်၍ မြို့နယ်ကမ္ဘောဇခန်းမ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Sep 20,2021
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ဘောကထာနယ်မြေရဲစခန်း ခြံဝန်းစည်းရိုးကာရံနိုင်ရေးအတွက် လယ်ယာမြေစီမံခန့်ခွဲ‌ရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ၁၀နာရီခွဲအချိန်က ကွင်းဆင်း တိုင်းတာပေးခဲ့ကြောင်း သိရသည်။