ကော့ကရိတ် စက်တင်ဘာ ၂၀
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ပေါ် ရပ်ကွက် / ကျေးရွာများရှိ ပြည်သူများအနေဖြင့် ယာဥ်စည်း ကမ်း၊ လမ်းစည်းကမ်း လိုက်နာပြီး အသက်အန္တရာယ်မှ ကင်းဝေးစေရန်၊ သတ်မှတ်ထားသော စည်းကမ်းများကို တိတိ ကျကျလိုက်နာတဲ့ အလေ့ အကျင့်ကောင်းတွေ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က စည်း ကမ်းမဲ့ မောင်းနှင်သော မော်တော် ယာဥ်များနှင့် မော်တော်ဆိုင်ကယ်များကို ယနေ့ နံနက် ၈နာရီအချိန်က အမှတ် (၃) ရပ် ကွက် မြို့မရဲစခန်းရှေ့ မီးပွိုင့်လမ်းဆုံ၌ စစ်ဆေးဖမ်းဆီး၍ မော်တော်ယာဉ်ဥပဒေနှင့်အညီ အရေးယူမှုများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အဆိုပါပူးပေါင်းအဖွဲ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မော်တော်ယာဉ်စည်း ကမ်းထိန်းသိမ်းရေးကော်မတီတို့မှ တာဝန်ရှိသူများက အဆိုပါ လမ်းဆုံတွင် သွားလာလျက်ရှိသည့် ယာဉ်မောင်း လိုင်စင်မရှိသည့် မော်တော်ယာဉ်မောင်း နင်သူများ၊ ဆိုင်ကယ်လိုင်စင်မရှိဘဲ ဆိုင်ကယ်စီးနင်သူများ၊ ဆိုင်ကယ်စီးဦးထုပ် မဆောင်းဘဲ မောင်းနင်ခြင်း၊ ဆိုင်ကယ်တစ်စီး ကို သုံးယောက်စီးနင်း မောင်းနင်ခြင်း၊ ပါဝါအိတ်ဇောတပ် ဆင်ပြီး မောင်းနင်ခြင်းစသည့် စည်းကမ်းပျက် မော်တော်ယာဥ်နှင့် မော်တော်ဆိုင်ကယ်များ ကို စစ်ဆေးဖမ်းဆီး၍ မော်တော်ယာဉ် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
မျိုးဆက်သစ် (ဘားအံ)