အမြို့မြို့အနယ်နယ်သတင်းများ

Sep 20,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဦးဆောင်မှုဖြင့် ရပ်ကွက်/ကျေးရွာများတွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လိုက်နာ ဆောင်ရွက်ရမည့်အချက်များ ကျယ်ကျယ် ပြန့်ပြန့်သိရှိစေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာ ယနေ့နံနက် (၁၀) နာရီခွဲအချိန်က သင်ပုတ်ကျေးရွာအုပ်စု၊ တံတားဦးလေးကျေးရွာတွင် ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ၊ တံတားဦးလေးကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာလူမှုရေး အသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ ကျေးရွာအတွင်း လှည့်လည်ကာ အသံချဲ့စက်ဖြင့် အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 20,2021
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများ၊ သံဃာတော်များ ကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ကို ဒုတိယအသုတ်၊ ပထမအကြိမ်အဖြစ် ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်မှစ၍ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မိုးလုံလေလုံ အားကစားခန်းမတွင် စတင်ထိုးနှံပေးသည်။
Sep 20,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ကံသာကြီးကျေးရွာအခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ တက်ရောက်ပညာသင်ကြားနိုင်ရေးအတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ၊ ပြည်ထောင်စုဘတ်ဂျတ်ဖြင့် အာရ်စီနှစ်ထပ်ကျောင်းဆောင်သစ်ဆောက်လုပ်လျက်ရှိရာ ယခုအခါ ၆၀ ရာခိုင်နှုန်းခန့် တည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
Sep 20,2021
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ခန္တီးကြီးကျေးရွာတွင် ယနေ့နံနက် (၈)နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ၊ ခန္တီးကြီးကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ ပူးပေါင်းပြီး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များကိုပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ခန္တီးကြီး ကျေးရွာအတွင်း လှည့်လည်ကာ Hand Speaker ဖြင့် အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Sep 20,2021
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ဦးစားပေးအုပ်စု အလိုက် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်း ယနေ့ နံနက်ပိုင်းက ပြည်ကြီးတံခွန်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရှိ ပြည်သူ့ဝန်ဆောင်မှု (OSS) ရုံးတွင် ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
Sep 20,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး(Sinopharm)အား ဒုတိယအသုတ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက်(၉)နာရီက မြို့ပေါ်ရပ်ကွက်နှင့် တိုက်နယ်အလိုက်စုရပ်(၇) နေရာခွဲ၍ ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများမှ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Sep 20,2021
ကရင်ပြည်နယ် ၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် အသက်(၁၈)နှစ် အထက်နှင့် ကာကွယ် ဆေးထိုးနှံရန် ကျန်ရှိသည့် ပြည်သူ များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က သံတောင်မြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတွင်ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်းသိရသည်။