အမြို့မြို့အနယ်နယ်သတင်းများ

Sep 15,2020
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကထားစိုက်ပျိုးသော နိုင်ငံဖြစ်သောကြောင့် မြန်မာနိုင်၏ ၇၀ ရာခိုင်နှုန်းကျော် လူဦးရေသည် တောင်သူလယ်သမားများ ဖြစ်ကြသည်။ ထိုသို့စိုက်ပျိုးရေးကို
Sep 15,2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့တွင်၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က လောင်းလုံးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗထူးခန်းမ၌ ကျင်းပခဲ့သည်။
Sep 15,2020
မကွေးတိုင်းဒေသကြီး၊ သရက်မြို့တွင် ကိုဗစ်−၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်သည့်အနေဖြင့် မြို့အဝင်/ အထွက်ဂိတ်များတွင် ပူးပေါင်းစစ်ဆေးရေးဂိတ် ဖွင့်လှစ်ဆောင်ရွက်ထားရှိမှုကို ယမန်နေ့ မနက် (၁၀) နာရီအချိန်ခန့်က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သောအဖွဲ့မှ ကြည့်ရှုစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
Sep 15,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ် ကာကွယ်ရေးအတွက် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ယမန်နေ့ ညနေ ၆ နာရီကမြို့ပေါ် ရပ်ကွက်များတွင် ညမထွက်ရ အမိန့်ထုတ် ပြန်ချက်အား လှည့်လည် အသိပေးနှိုးဆော်ခဲ့သည်။
Sep 15,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပ နိုင်ရေး အတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းသင်တန်း ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 15,2020
ကိုဗစ် - ၁၉ ရောဂါ တားဆီးကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ် အသိ ပညာပေးလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်မြို့၊ ဟိန္ဒားကျေးရွာနှင့် မြောင်းပြိုကျေးရွာများ၌ အသိပေးနှိုးဆော်လျက် ရှိသည်။
Sep 15,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီနယ်တွင် ကိုဗစ်−၁၉   ရောဂါကြိုတင်ကာကွယ်ရေး  အတွက် အသိပညာပေး  နှိုးဆော်ခြင်းလုပ်ငန်းကို   ယမန်နေ့နေ့လယ် ၁  နာရီ  အချိန်ခန့်က  မြို့နယ် အတွင်းရှိ ကွက်သစ်ရပ်ကွက်၊  စျေးရပ်ကွက်နှင့်  မြို့အနီးနား ပတ်ဝန်းကျင်ရှိ  ကျေးရွာများတွင်  ဆောင်ရွက်ခဲ့သည်။
Sep 15,2020
တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ မြို့နယ်အသီးသီးရှိ ရဲတပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာဌာနဆိုင်ရာဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် နံနက်ပိုင်းအချိန်များတွင် တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအား ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။