မဘိမ်း စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် မြို့နယ်အတွင်းရှိ အသက်(၅၅) နှစ်နှင့်အထက်ပြည်သူများနှင့် ဦးစားပေးအဆင့်တွင် ပါဝင်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး Sinopharm ပထမအကြိမ်ထိုးနှံပေးခြင်းကို ဆေးထိုးစုရပ်(၅)နေရာခွဲ၍ ဦးစားပေးအုပ်စုအလိုက် ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ တတိယနေ့အဖြစ် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးရာတွင် အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများနှင့် သတ်မှတ်အုပ်စုများတွင်ပါဝင်သူများကို အဆင်ပြေစွာ ကာကွယ်ဆေးထိုးနှံ နိုင်ရေး အတွက် ဆေးထိုးစုရပ်(၅)နေရာခွဲ၍ ထိုးနှံပေးခြင်းဖြစ်ပြီး ကာကွယ်ဆေးလာရောက် ထိုးနှံသူများ အဆင်ပြေစေရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များနှင့် မြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းများက ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေး လျက်ရှိပြီး မြို့နယ်အတွင်းရှိ အသက်(၅၅)နှစ်နှင့်အထက်ပြည်သူများနှင့် သတ်မှတ်အုပ်စု များတွင် ပါဝင်သူများကို ကိုဗစ်-၁၉ ကာ ကွယ်ဆေး (အခမဲ့)ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။
မျိုးမင်း (ပြန်/ဆက်)