မိုင်းလုံ စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် နိုင်ရန်အတွက် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါတားဆီး၊ ကာကွယ်၊ ထိန်းချုပ်ရေး ကော်မတီထံ လက်အိတ်ဗူးများ ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
မိုင်းလုံမြို့ နမ့်ပိန်ရပ်ကွက်နေ ဦးတင်အောင်+ဒေါ်ဌေးလှ(မိသားစု)မှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးရာတွင် အသုံးပြုရန် ကျပ်(၃၆၀၀၀/)တန်ဖိုးရှိ တစ်ဗူးလျှင် (၅၀)စုံပါ ရာဘာလက်အိတ်ဗူး(၃)ဗူးကို ကိုဗစ်-၁၉ရောဂါတားဆီး၊ ကာကွယ်၊ ထိန်းချုပ်ရေး ကော်မတီ ထံပေးအပ်လှူဒါန်း ခဲ့ကြောင်းသိရသည်။
ဇော်ဇော်(ပြန်/ဆက်)