အမြို့မြို့အနယ်နယ်သတင်းများ

Sep 21,2021
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ရပ်ကွက်ကျေးရွာအုပ်စုအတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ အား နိုင်ငံတော်မှ မှုလူမှုရေးပင်စင် တစ်ဦးလျှင်ငွေကျပ်၃၀၀၀၀နှုန်း ထောက်ပံ့ ပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများ ထံသို့ ထပ်ဆင့်ပေးအပ်ခဲ့သည်။
Sep 21,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ် နိုင်ရန် အတွက် မြန်မာ ဘာသာ၊ပိုးကရင်ဘာသာတို့ဖြင့် ယမန်နေ့နံနက်(၈)နာရီအချိန်က မြို့ပေါ် ရပ်ကွက် များနှင့် လမ်းဆုံလမ်းခွများ တွင် အသိပညာပေးနှိုးဆော်ဆောင်ရွက်ခဲ့သည်။
Sep 21,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် အသက်(၅၅)နှစ်အထက် သက်ကြီး ဘိုးဘွားများနှင့် ပြည်သူများအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့နံနက် ၉:၃၀ချိန်တွင် နဝဒေးရပ်ကွက်၊ အ.ထ.က (၂၀)အခြေခံပညာ အထက်တန်းကျောင်း၌ ဆက်လက် ထိုးနှံပေးခဲ့သည်။
Sep 21,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ သံသယရှိသူ(၂၈) ဦး အား RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ စက်တင်ဘာလ (၂ဝ) ရက်နေ့၌ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ (၁၁) ဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်းနှင့် ၎င်းတို့အား ပြည်သူ့ဆေးရုံအတွင်းရှိ Isolation Ward တွင် ထားရှိကုသပေးလျက် ရှိကြောင်း သိရသည်။
Sep 21,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm(BIBP) ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်း ၉ နာရီအချိန်ကစတင်၍ အမှတ်(၅)ရပ်ကွက်ရှိ တုန်ဟုန်းဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
Sep 21,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံရန် နှိုးဆော်ခြင်းကို ယနေ့ နံနက် ၉ နာရီက ရပ်ကွက် များအတွင်း (Hand Speaker) ဖြင့် လိုက်လံ နှိုးဆော်ခဲ့ကြောင်း သိရသည်။
Sep 21,2021
ကျိုင်းတောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်ပြင်ပထွက်တိုင်း မဖြစ်မနေ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တပ်ဆင်စေရေး အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့က  ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့ အတွင်းရှိ လူစည်ကားရာနေရာများ၊ လူသွားလူလာများသည့် ကားလမ်းမများသို့ ဆောင်ရွက်ခဲ့သည်။
Sep 21,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များ၏ ပင်စင်လစာငွေများအား ယနေ့နံနက် ၇ နာရီအချိန်မှစ၍ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွားရေး ဘဏ် တာဝန်ရှိသူထံမှ သိရသည်။