မဘိမ်း စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများနှင့် ဆက်စပ်ထိတွေ့ခဲ့သည့်သူများ၊ ဖျားနာ၍အနံ့ပျောက်သူများကို ယမန်နေ့ နေ့လည်ပိုင်းက RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၃၈)ဦး ထပ်မံစစ်ဆေးတွေ့ရှိ ခဲ့သည်။
မဘိမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိကြောင်း စိစစ်တွေ့ရှိသူများနှင့် ထိတွေ့ဆက်စပ်ခဲ့ သူများ၊ ဖျားနာ၍အနံ့ပျောက်သူများကို မြို့နယ်ပြည်သူ့ဆေးရုံနှင့် ငါးအိုးတိုက်နယ်ဆေးရုံတို့ရှိ ကျန်းမာရေး ဝန်ထမ်းများက RDT Test Kit ဖြင့် စစ်ဆေးလျက်ရှိရာ ယမန်နေ့နေ့လည်ပိုင်းက လူဦးရေ (၈၂)ဦးအား စစ်ဆေးခဲ့ရာ မြို့မရပ်ကွက်မှ အမျိုးသား(၁)ဦး၊ တိုက်ကုန်းရပ်ကွက်မှ အမျိုးသား(၃)ဦး နှင့် အမျိုးသမီး(၄)ဦး၊ နမ့်ပုံးပုံရပ်ကွက်မှ အမျိုးသား(၇)ဦးနှင့် အမျိုးသမီး(၉)ဦး၊ မလှိုင်ကုန်းကျေးရွာမှ အမျိုးသမီး(၁)ဦး၊ ဘဟဲကျေးရွာမှ အမျိုးသမီး(၁)ဦး၊ ခေါတောကျေးရွာမှ အမျိုးသား(၄)ဦး၊ မယ်ဇလီ ကျေးရွာမှ အမျိုးသမီး(၁)ဦး၊ မိုးလုံးကျေးရွာမှ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦး၊ ကွန်းချောင်း ကျေးရွာမှ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၃)ဦး၊ နမ့်ဟွမ်ကျေးရွာမှ အမျိုးသမီး(၁)ဦး၊ စုစုပေါင်း (၃၈)ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီး ပိုးတွေ့လူနာများအား မြို့နယ်ပြည်သူ့ဆေးရှိ သီးသန့်ကုသဆောင်တွင် သီးသန့်ထားရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိသည်။
မဘိမ်းမြို့နယ်တွင် စက်တင်ဘာ ၂ဝ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ အတည်ပြု လူနာပေါင်း(၅၂၇)ဦးအနက် ကျန်းမာ၍ဆေးရုံဆင်းခွင့်ရရှိသူ(၃၂၃)ဦးနှင့် သေဆုံးသူ(၁၄)ဦးရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မျိုးမင်း (ပြန်/ဆက်)