သီပေါ စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစား ဝန်ထမ်းများ၏ပင်စင်လစာငွေများကိုယနေ့နံနက် ၇ နာရီခွဲအချိန်က စတင်၍ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
သီပေါမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် လစဉ်ထုတ်ယူသည့် အငြိမ်းစားဝန်ထမ်းပင်စင်စားဦးရေ (၁၂၃၃)ဦးရှိပြီး ပင်စင်လစာငွေများကိုဘဏ်ဖွင့်ရက်များတွင် ပုံမှန်ဆက်လက် ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ ကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ခြင်းမရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးမှကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူ နိုင်ကြောင်းမြို့နယ်မြန်မာ့စီးပွားရေး ဘဏ်မန်နေဂျာထံမှသိရသည်။
ခင်လေး(ပြန်/ဆက်)